Skip to main content

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး မြေထိန်းနံရံ တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှုများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် ကြည့်ရှုစစ်ဆေး

ဟားခါး  စက်တင်ဘာ  ၁၀

တိုင်းရင်းသား လူမျိုးများရေးရာဝန်ကြီးဌာန၊ ချင်းပြည်နယ်ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက်အဝင်ပေါက် လမ်းခင်းကျင်းနိုင်ရေးအတွက် ကျောက်စီမြေထိန်းနံရံ စုစုပေါင်း()ခုနှင့် ရေနုတ်မြောင်း  တည်ဆောက်မှု ၁၀၀ ရာခိုင်နှုန်း ပြီးစီးမှု အခြေအနေများကို ယနေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်က ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ကျောက်စီမြေထိန်း နံရံတည်ဆောက်ခြင်း လုပ်ငန်းကို ရုံးအဝင်ပေါက်လမ်းမကြီး ကွန်ဂရစ်ခင်းကျင်းနိုင်ရေး အတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စု(ဖြည့်စွက်)ရန်ပုံငွေ ကျပ်သန်း ၆၅.၂၄၀ဖြင့် Delta Pride ကုမ္ပဏီ လီမီတက်က တာဝန်ယူ၍ ဇူလိုင်လ ၁၇ရက်နေ့မှ စတင် တည်ဆောက်ခဲ့ရာ ပထမမြေထိန်းနံရံ အလျား ၂၄၂ပေ× အမြင့်၇ပေ×အထူ၄ပေ၊ ဒုတိယမြေထိန်းနံရံ အလျား၁၀၀×အမြင့်၅ပေ×အထူ၃ပေ၊ တတိယမြေထိန်းနံရံ အလျား၁၀၀ပေ×အမြင့်၁၀ပေ×အထူ၅ပေ၊ စတုတ္ထမြေထိန်းနံရံ အလျား ၈၀ပေ× အမြင့်၄ပေ× အထူ၃ပေရှိ စုစုပေါင်း ကျောက်စီမြေထိန်းနံရံ ()ခုနှင့် ရေနုတ်မြောင်းများ ပါဝင်ပြီး ယနေ့တွင်လုပ်ငန်းတစ်ခုလုံး၏ ၁၀၀ ရာခိုင်နှုန်းပြီးစီးပြီ ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ်တာဝန်ခံ ဦးထန်မွမ်းခိုင်ထံမှ သိရသည်။

၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် အကျယ်ပေ ၂၀× အရှည်ပေ၂၆၀× အထူ၈လက်မရှိ တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန၊ ချင်းပြည်နယ် ညွှန်ကြားရေးမှူးရုံး၏ အရှေ့ဘက်အဝင်ပေါက် ကွန်ဂရစ်လမ်း ခင်းကျင်းခြင်းကို ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် တိုင်းရင်းသား အခွင့်အရေးများ ကာကွယ် စောင့်ရှောက်ရေး ဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးထန်မွမ်းခိုင်ထံမှ သိရသည်။

အောင်ခွီရှိန်းခရိုင်(ပြန်/ဆက်)