ဧရာဝတီ ဇွန် ၂၃
ဧရာဝတီတိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန် မြှင့်တင်ရေးပွဲတော်ကို ပုသိမ်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ဇွန်လ ၂၂ ရက်နှင့် ၂၃ ရက်နေ့က စည်ကားသိုက်မြိုက်စွာ ကျင်းပရာ အားကစားခန်းမအတွင်း ခင်းကျင်းပြသသော လှပသာယာပြည်မြန်မာ ရောင်စုံဓာတ်ပုံပြခန်း၊ စာအုပ်စာစောင်ပြခန်း၊ ခါးလှည့်ကွင်း အားကစားနည်းနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲများတွင် ပုသိမ်မြို့ရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူများ လာရောက်လေ့လာကြပြီး ပြိုင်ပွဲများတွင် ပျော်ရွှင်စွာ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြောင်း သိရသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)