နေပြည်တော် ဇွန် ၂၁
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံ တီဟီရန်မြို့၌ ကျင်းပပြုလုပ်မည့် အာရှပူးပေါင်းဆောင်ရွက်ရေး ဆိုင်ရာဆွေးနွေးပွဲအဖွဲ့(အေစီဒီ)အဖွဲ့ဝင်နိုင်ငံများ၏ (၁၉)ကြိမ်မြောက် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးသို့ ပါဝင်တက်ရောက်ရန်အတွက် ယနေ့နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ အီရန်အစ္စလာမ်မစ်သမ္မတနိုင်ငံသို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
သတင်းစဉ်