Skip to main content

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ်(CERP)အရ ကရင်ပြည်နယ်နှင့် ချင်းပြည်နယ်တို့ အတွင်းရှိ ဂေဟာ/ရိပ်သာများသို့  ထောက်ပံ့ငွေများပေးအပ်ခြင်းကို Online အခမ်းအနားဖြင့် ကျင်းပ

နေပြည်တော်  စက်တင်ဘာ ၉

ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ ကရင်ပြည်နယ်နှင့် ချင်းပြည် နယ်တို့အတွင်းရှိ ဂေဟာ/ရိပ်သာများသို့  ထောက်ပံ့ငွေများပေးအပ်ခြင်းကို အခမ်းအနားကို ယနေ့မွန်းလွဲပိုင်းက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ Online စနစ်ဖြင့်ကျင်းပသည်။

အစည်းအဝေးတွင် ဒုတိယဝန်ကြီး ဦးစိုးအောင် က လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီး ဌာန၏ လုပ်ငန်းရပ်များတွင်  စေတနာ့ဝန်ထမ်း အဖွဲ့ အစည်းများက တာဝန်ယူဆောင်ရွက် နေသော လုပ်ငန်းများစနစ် တကျနှင့် ပိုမိုခိုင်မာအားကောင်းစွာ ရေရှည်ရပ်တည်နိုင်စေရေး ပါဝင်ပါကြောင်း၊ စေတနာ့ ဝန်ထမ်း အဖွဲ့အစည်းများ တည်ထောင် ခွင့်ပြုမိန့် မှတ်ပုံတင်ရေး၊ ထောက်ပံ့ရေး လုပ်ငန်းလမ်းညွှန်နှင့် ဂေဟာ/သင်တန်းကျောင်းများတွင် အနိမ့်ဆုံးရှိရမည့် ပြုစု စောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများအား  ထုတ်ပြန်ပြီးဖြစ်သည့်အတွက် ပရဟိတဂေဟာများအနေဖြင့် လိုက်နာဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုပါကြောင်း။

 ဝန်ကြီးဌာနအနေဖြင့် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများကို ဆန်ဘိုးငွေ၊ စားစရိတ်၊ ဝတ်စရိတ် ထောက်ပံ့ကြေးများ နှစ်စဉ်ထောက်ပံ့ပေးရာတွင် ၂၀၁၉-၂၀၂၀ခု၊ ဘဏ္ဍာရေးနှစ် အတွင်း တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ကျပ်သန်းပေါင်း (၃၂၄၇ ဒသမ ၃၄၁)ကို ထောက်ပံ့ ပေးခဲ့ပြီးဖြစ်ကြောင်း၊  ယခုကဲ့သို့ ကိုဗစ်-၁၉ ကာလအတွင်းတွင်လည်း ပရဟိတဂေဟာ/ ရိပ်သာများတွင် လက်ခံစောင့်ရှောက်ထားသူများအာဟာရပြည့်ဝစေရန် စားနပ်ရိက္ခာ အတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူဖြစ်စေရန်  ရည်ရွယ်၍   နိုင်ငံတော် အစိုးရ၏ ကိုဗစ်-၁၉ စီးပွားရေးကုစားမှု အစီအစဉ် (CERP)အရ ဂေဟာ/ရိပ်သာများရှိ လူဦးရေအလိုက် တစ်ရက်လျှင်ငွေကျပ်(၅၀၀)နှုန်းဖြင့် တစ်လစာအတွက် ငွေကြေးတစ်ကြိမ် ထောက်ပံ့ပေးခြင်း ဖြစ်ပါကြောင်း၊ (CERP) အစီအစဉ်အရ ထောက်ပံ့ပေးရာတွင် ပရဟိတဂေဟာနှင့် ရိပ်သာ များသာမက အသက်(၈၀)နှင့် (၈၅)နှစ်ကြား အဘိုး/အဘွား များအားလည်း တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် တစ်ကြိမ်ထောက်ပံ့မှုကို လည်းကောင်း၊ ကိုယ်ဝန် ဆောင်မိခင် များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ် အောက် ကလေးငယ်များအား ထောက်ပံ့ ခြင်းအစီအစဉ်တွင် မပါဝင်သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်(၉)ခုရှိ ကိုယ်ဝန်ဆောင်မိခင် များအား ငွေကျပ်(၃၀၀၀၀)နှုန်းဖြင့် တစ်ကြိမ်ထောက် ပံ့သည့် ငွေဗိုက်အစီအစဉ်ကိုလည်း ကောင်း၊ နေရပ်စွန့်ခွာသူများနှင့် တိုက်ပွဲရှောင် မိသားစုများအား ထောက်ပံ့ခြင်း အစီအစဉ် များကိုလည်းကောင်း ဆောင်ရွက်ပေး လျက်ရှိပါကြောင်း။

ယခုကဲ့သို့ ထောက်ပံ့ခြင်းများကို မိမိတို့ ဝန်ကြီးဌာနအပြင် အခြားသောဝန်ကြီးဌာန များမှလည်း (CERP) အစီအစဉ်အရ ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ထိုသို့ ဆောင်ရွက်ပေးခြင်း သည် နိုင်ငံ အတွင်းငွေကြေးစီးဆင်းမှုများကို  လည်ပတ်နိုင်စေရန် တစ်ဖက်တစ်လမ်းမှ ပံ့ပိုးဆောင်ရွက် ပေးခြင်းပင်ဖြစ်ပါကြောင်း၊ ယခု ကိုဗစ်-၁၉ ကပ်ရောဂါ အခြေအနေအရလည်း ကူးစက်မှုများကို ထိန်းချုပ်ဟန့်တားနိုင်ရေးနှင့် ကာကွယ်နိုင်ရေး အတွက် ပရဟိတဂေဟာ/ ရိပ်သာများမှ တာဝန်ရှိသူများအနေဖြင့်လည်း ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက နေ့စဉ်ထုတ်ပြန် ကြေညာသည့် ပန်ကြားချက်များ၊ မေတ္တာရပ် ခံချက်များကို တိတိကျကျလို က်နာပြီး ရောဂါကာကွယ်ရေးအစီအမံများစီစဉ်ထားကြဖို့ကို အလေးနက်ထား ပြောကြား လိုပါကြောင်း၊  အစိုးရနှင့်ပြည်သူလူထုပူးပေါင်း၍ ကိုဗစ်-၁၉ ကပ် ရောဂါကို ကျော်လွှား နိုင်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါကြောင်း ပြောကြား သည်။

ယင်းနောက် ကရင်ပြည်နယ်ရှိဂေဟာ(၅)ခုအတွက် ငွေကျပ်သန်းပေါင်း(၃ ဒသမ ၆) သန်းကို လည်းကောင်း၊ချင်းပြည်နယ်အတွင်းရှိ ဂေဟာ/ရိပ်သာ(၁၁)ခုအတွက် ကျပ်သန်း ပေါင်း (၄ ဒသမ ၄၈၅)ကိုလည်းကောင်း သက်ဆိုင်ရာ ပြည်နယ်လူမှုဝန်ထမ်း ဦးစီးမှူး များမှ  ဂေဟာ/ ရိပ်သာများသို့ ထောက်ပံ့ငွေများပေးအပ်ခဲ့ရာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့ နယ်၊ ကော့ဝန်း ပရဟိတဂေဟာမှ ဂေဟာကြီးကြပ်မှုကော်မတီ ဥက္ကဌ ဦးစောအုန်းတင်က လည်းကောင်း၊  ချင်းပြည်နယ်၊ ဟားခါးမြို့ ဗေသလဘိုးဘွားရိပ်သာ ဂေဟာမှူး၊ ဒေါ်ဗျက်ချင်း ကလည်းကောင်း ဂေဟာရိပ်သာများကိုယ်စား ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ ကြောင်း သိရသည်။

 (သတင်းစဉ်)