Skip to main content

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်းဒေသကြီးနှင့် ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

 နေပြည်တော်၊ စက်တင်ဘာ ၉

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန သစ်တောဦးစီးဌာန တိုင်း ဒေသကြီးနှင့်ပြည်နယ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့တွင်သစ်တောဦးစီးဌာနမှ Video Conferencing ဖြင့် ကျင်းပသည်။

အခမ်းအနားတွင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းဝင်းက ယခုအစည်းအဝေးကို Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ Video Conferencing စနစ်ဖြင့် ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းများ တာဝန်ထမ်းဆောင်ရာတွင် အထူးသဖြင့် တရားမဝင် သစ်ဖမ်းဆီးရာတွင် အသက်အန္တရာယ် မထိခိုက်စေရေးအတွက် ဂရုပြု ဆောင်ရွက်ရန်လိုကြောင်း၊ ဝန်ထမ်းများ ကိုဗစ်ကာလအတွင်း စားဝတ်နေရေးအခက်အခဲကို လည်း တတ်နိုင်သမျှကူညီဖြေရှင်းဆောင်ရွက်ပေးရန်လိုကြောင်း၊ သစ်တောဦးစီးဌာနတွင် ဝန်ထမ်း အင်အားမပြည့်စုံသည့်အတွက် သစ်တောသယံဇာတများ ထိန်းသိမ်းကာကွယ်ရာတွင် ဝန်နှင့်အားမ မျှသည်ကိုသိရှိပါကြောင်း၊ ဝန်ထမ်းစည်းကမ်းစည်းမျဉ်းနှင့်အညီ လိုက်နာဆောင်ရွက်ရန် အထူး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ သစ်တောဦးစီးဌာနတွင် ဖွဲ့စည်းပုံအရ လက်ရှိခန့်ထားသည့် အင်အားမှာ (၅၀ရာခိုင်နှုန်း)ခန့်သာ ခန့်ထားနိုင်ကြောင်း၊ တာဝန်မကျေပွန်မှု၊ မသမာမှုများကြောင့် ဝန်ထမ်းများအပြစ်ပေးအရေးယူခံရမှု လျော့နည်းသွားစေရေး ကြပ်မတ်ရန်လိုကြောင်း၊ 

ခရိုင်သစ်တောအုပ်ချုပ်လုပ်ကိုင်မှုစီမံကိန်းများပြန်လည်ဖြည့်စွက်ပြင်ဆင်ခြင်းနှင့်ပတ်သက် ၍  ၂၀၁၆-၂၀၁၇ မှ ၂၀၂၅-၂၀၂၆ ခုနှစ်အထိ လက်ရှိအကောင်အထည်ဖော်ဆောင်ရွက်နေသော တတိယ (၁၀)နှစ်စီမံကိန်းကို (၅)နှစ်တစ်ကြိမ် ပြန်လည်ပြင်ဆင်ရာ၌ လက်ရှိသစ်တောဖုံးလွှမ်းမှု၊ မြေအသုံးချမှုအခြေအနေ၊ ဝန်ထမ်းအင်အား နိုင်ငံတော်မူဝါဒများနှင့်အညီ လိုက်လျောညီထွေဖြစ် စေရေး ကြီးကြပ်ရန်လိုကြောင်း၊ FAO မှ ၂၀၂၀ ပြည့်နှစ် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သော ကမ္ဘာ့ သစ်တောသယံဇာတအခြေအနေဆန်းစစ်လေ့လာခြင်းအစီရင်ခံ စာအရ မြန်မာနိုင်ငံ၏ သစ်တော ဖုံးလွှမ်းမှုသည် နိုင်ငံဧရိယာစုစုပေါင်း၏ ၄၂ ဒသမ ၁၉ ရာခိုင်နှုန်းဖြစ်၍ နှစ်စဉ်ကမ္ဘာ့ သစ်တော ပြုန်းတီးမှုအဆင့်ပြဇယား၌ အဆင့်(၇)တွင်ရှိကြောင်း ၂၀၁၅ ခုနှစ်တွင် ထုတ်ပြန်ခဲ့သော သစ်တော သယံဇာတဆန်းစစ်လေ့လာခြင်း အစီရင်ခံစာ (FRA 2015)အရ မြန်မာနိုင်ငံ၏ သစ်တောပြုန်းတီး မှုမှာ ကမ္ဘာ့သစ်တောပြုန်းတီးမှု အဆင့်ပြဇယား အဆင့်(၃)တွင်ရှိခဲ့သဖြင့် ကမ္ဘာ့အဆင့် သစ်တော ပြုန်းတီးမှုအဆင့်လျော့ကျခဲ့ကြောင်း၊

မြန်မာနိုင်ငံသစ်တောများပြန်လည်တည်ထောင်ရေးစီမံကိန်း MRRP ကို ၂၀၁၇-၂၀၁၈ ခုနှစ် မှ ၂၀၂၆-၂၀၂၇ ခုနှစ်အထိ (၁၀)နှစ်စီမံကိန်းဖြင့် ဆောင်ရွက်ခဲ့ရာ နိုင်ငံပိုင်သစ်တောစိုက်ခင်း တည်ထောင်ခြင်းလုပ်ငန်းတွင် (၁၀)နှစ်စီမံကိန်းလျာထား ဧက(၂၁၅၇၂၅)အပေါ် (၄)နှစ်ကာလ အတွင်း (၈၇၃၈၅)ဧက ၄၀ ဒသမ ၅ ရာခိုင်နှုန်းစီမံကိန်းလျာထားချက်များအတိုင်း ပြီးစီးအောင် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ကျေးရွာထင်းစိုက်ခင်းကို တိုင်းဒေသကြီး/ပြည်နယ်ရန်ပုံငွေဖြင့်ဆောင် ရွက်လျက်ရှိရာ စီမံကိန်းလျာထားဧက (၆၉၈၂၅) တွင် (၄)နှစ်တာကာလအတွင်း ဧက ၁၄၀၈၀ ၂၀ရာခိုင်နှုန်းသာပြီးစီးသဖြင့် တိုင်းဒေသကြီး/ပြည်နယ် ညွှန်ကြားရေးမှူးများအနေဖြင့် စီမံကိန်းပါ လျာထားချက်အတိုင်း ပြည့်မီစွာဆောင်ရွက်နိုင်ရန် ရန်ပုံငွေနှင့်မြေနေရာရရှိရေး ဆက်စပ်ဌာနများ နှင့်ချိတ်ဆက်ဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်တောဦးစီးဌာနအနေဖြင့် သစ်တောပြုစုထိန်း သိမ်း ခြင်းလုပ်ငန်းနှင့် သစ်တောသယံဇာတများ ထုတ်ယူရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ပိုမို ရှင်းလင်းလွယ်ကူစေရန်အတွက် လုပ်ငန်းစဉ် အဆင့်အလိုက် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံး လုပ်နည်းများကို ထုတ်ပြန်ခဲ့ပြီးဖြစ်ရာ မြို့နယ်ဦးစီးဌာနမှူးများမှ သေချာစွာဖတ်ရှုမှတ်သားပြီး ဝန်ထမ်းများနှင့်တစ်လတစ်ကြိမ်တွေ့ဆုံရာတွင် နားလည် သဘောပေါက်အောင် ရှင်းလင်း ဆွေးနွေး ဆောင်ရွက်သွားရန် တိုင်းဒေသကြီး/ ပြည်နယ် ညွှန်ကြားရေးမှူးများအနေဖြင့် ကြီးကြပ် ဆောင်ရွက် သွားရန်လိုကြောင်း၊

တရားမဝင် သစ်ဖမ်းဆီးဆောင်ရွက်ရာတွင် သစ်တောဝန်ထမ်းများအနေဖြင့် ရန်ပြုတိုက် ခိုက်ခံရခြင်းများနှင့်ပတ်သက်၍ လုံခြုံရေးအထူးဂရုပြုရန်လိုကြောင်း၊ တရားမဝင် သစ်ခိုးထုတ်မှု များအား ထိန်းချုပ်နိုင်ရေးအတွက် သက်ဆိုင်ရာအစိုးရ အဖွဲ့များသို့ တင်ပြဆောင်ရွက်သွားရန်လို ကြောင်း၊ ဇီဝမျိုးစုံမျိုးကွဲထိန်းသိမ်းကာကွယ်ခြင်းနှင့်ပတ်သက်၍ သဘာဝထိန်းသိမ်းရေးနယ်မြေ များ တိုးချဲ့ဖွဲ့စည်းခြင်း၊ တောရိုင်းတိရစ္ဆာန်များအတွက် နေရင်းဒေသပြန်လည်တည်ထောင်ခြင်း လုပ်ငန်းအစီအစဉ် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းကို တိုင်းဒေသကြီး/ပြည်နယ် သစ်တော ဦးစီးဌာနများအနေဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များထံတင်ပြ၍ ကြီး ကြပ်ဆောင်ရွက်သွားရန်လိုကြောင်း၊

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်နှင့်အညီ အင်းလေးကန်ရေရှည်တည်တံ့ရေး အတွက် အင်းလေးကန်ရေဝေရေလဲထိန်းသိမ်းရေးအား နှစ်(၃၀) ရည်မှန်း၍ အကောင် အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အောင်မြင်စွာဆောင်ရွက်သွား ရန်လိုအပ်ကြောင်း၊ ဒေသခံပြည်သူအစု အဖွဲ့ပိုင်သစ်တောလုပ်ငန်းများတည်ထောင်ခြင်းကို နှစ်စဉ်လျာထားချက်များ ချမှတ်၍ ဆောင်ရွက် လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်၊ ဩဂုတ်လအထိ အသုံးပြုသူ အဖွဲ့(၅၆၁၉)ဖွဲ့၊ အဖွဲ့ဝင်ပေါင်း (၁၄၄၅၅၃) ဦးဖြင့် ဧရိယာ(၇၄၄၀၀၆)ဧကကို ဆောင်ရွက်ခဲ့ပြီးဖြစ်သဖြင့် အမျိုးသားသစ်တောကဏ္ဍပင်မ စီမံကိန်း၏ လျာထားချက်ဖြစ်သော(၂ ဒသမ ၂၇)သန်းဧကအနက် ၃၃ရာခိုင်နှုန်းကို အကောင်အ ထည်ဖော် ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်ကြောင်း၊ နှစ်အလိုက်တည်ထောင်မည့် လျာထားချက်များနှင့်အ ညီ ပြည့်မီအောင်ဖွဲ့စည်းနိုင်ရေး အရေးကြီးသကဲ့သို့ တည်ထောင်ပြီး ဒေသခံပြည်သူအစုအဖွဲ့ပိုင် သစ်တောလုပ်ငန်းများ အောင်မြင်ရေး စနစ်တကျ ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း၊ လုပ်ငန်းများဆောင်ရွက်ပြီးစီးပါက လွှတ်တော်ကိုယ်စားလှယ်များ၊ ဒေသခံအဖွဲ့အစည်းများကို  ဖိတ်ကြား ၍ မိမိဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များနှင့်ရင်ဆိုင်ဖြေရှင်းရသည့် အခက်အခဲများကို နားလည်သိရှိစေရေး ရှင်းလင်းပြသရန် လိုကြောင်းမှာကြားသည်။

အစည်းအဝေးသို့ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာညီညီကျော်နှင့် ဒုတိယ ညွှန်ကြားရေးမှူးချုပ်များ၊ သစ်တောဦးစီးရုံးချုပ် ညွှန်ကြားရေးမှူးများ၊ ပြည်နယ်/တိုင်း ဒေသကြီး သစ်တော ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးများနှင့် ဒုတိယညွှန်ကြားရေးမှူးများ Video Conferencing စနစ်ဖြင့် တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရသည်။

 (သတင်းစဉ်)