Skip to main content

တစ်နေ့တခြားကူးစက်ဖြစ်ပွားမှုများပြားလာသည့် ကိုဗစ်-၁၉ ကို  ထိရောက်စွာကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

နေပြည်တော် စက်တင်ဘာ

တစ်နေ့တခြားကူးစက်ဖြစ်ပွားမှုများပြားလာသည့် ကိုဗစ်-၁၉ ကို ထိရောက်စွာ ကာကွယ်၊ ထိန်းချုပ်၊ ကုသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက် နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး၊ အမြဲတမ်း အတွင်းဝန်၊ ပြည်ထောင်စုဝန်ကြီးရုံး၊ ညွှန်ကြားရေးမှူးချုပ်၊ ဆေးတက္ကသိုလ် () ပါမောက္ခချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူးများ၊ ပါမောက္ခ/ ဌာနမှူးများ၊ အထူးကုဆရာဝန်ကြီးများ၊ တိုင်းဒေသကြီး/ ပြည်နယ် ဆေးရုံများမှ ဆေးပညာ အထူးကု ဆရာဝန်ကြီးများ၊ ရခိုင်ပြည်နယ်သို့ရောက်ရှိနေသော ဗဟိုကွင်းဆင်း အဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

အစည်းအဝေးတွင် လက်ရှိ ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု များပြားနေသော ရန်ကုန်တိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် အခြားတိုင်းဒေသကြီး/ ပြည်နယ်များ၏ အခြေအနေများအား ခြုံငုံဆန်းစစ်သုံးသပ်မှုများနှင့် လက်ရှိ ဆေးရုံအသီးသီးတွင် ကုသမှုခံယူနေသော ကိုဗစ်-၁၉ လူနာများ၏ အခြေအနေများအား တင်ပြခြင်း၊ ရန်ကုန် တိုင်းဒေသကြီးတွင် တွေ့ရှိရသော လူနာသစ်များနှင့် ထိတွေ့ခဲ့သူများအား အသွား အလာ ကန့်သတ်ထားရှိရန် နေရာများ လိုအပ်နေမှုကို တင်ပြခြင်း၊ COVID-19 ကုသရေး ဌာန (ဖောင်ကြီး) တွင် လူနာဆောင်များ ထပ်မံတိုးချဲ့နေမှုနှင့် ဆရာဝန်၊ သူနာပြု၊ အထောက်အကူပြုပညာရှင်များနှင့် ပံ့ပိုးကူညီဆောင်ရွက်သူများ ထပ်မံလို အပ်မှုကို တင်ပြခြင်း၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် လိုအပ်ပါက ယာယီဆေးရုံ (hospital tent) များ တပ်ဆင်အသုံးပြုနိုင်ရေး အဆိုပြုတင်ပြခြင်း၊ ကျန်းမာရေးလူ့စွမ်း အားအရင်းအမြစ်ဦးစီးဌာနမှ ဆရာဝန်များ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် အားဖြည့်ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စကို အဆိုပြုတင် ပြခြင်း၊ ရန်ကုန်တိုင်းဒေသကြီး တွင် ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးမှု ပိုမိုလုပ်ဆောင် နိုင်ရေး ကိစ္စရပ်များတင်ပြခြင်း၊ စက်ရုံ၊ အလုပ်ရုံများတွင် ရောဂါကူးစက်ပြန့်ပွား နိုင်ချေများရှိနေသည့်အတွက် ကြိုတင် ကာကွယ်ရေးနှင့် လမ်းညွှန်ချက်များ တိကျစွာလိုက်နာရန် အထူးကြပ်မတ်ဆောင်ရွက် ရန် တင်ပြခြင်း။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူများတွင် သာမာန်ရောဂါလက္ခဏာရှိသူများ၊ ရောဂါ အခံရှိသူများ၊ ရောဂါပြင်းထန်သူများ၊ ရောဂါလက္ခဏာလည်းမရှိ ရောဂါပြင်းထန်နိုင် ချေ လည်း နည်းပါးသူများကို အုပ်စုအမျိုးအစားများခွဲခြား၍ သီးခြားထားရှိကုသရေး အဆိုပြုတင်ပြခြင်း၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်ရေး၊ လုပ်ငန်းများနှင့် အဖျားရောဂါ ကုဌာနများတွင် မိမိဆန္ဒအလျောက်ပါဝင်လိုသူ ပုဂ္ဂလိကဆရာဝန်များ၏ အင်အားကို အသုံးချနိုင်ရေးတင်ပြခြင်း၊ ရေရှည်ကာလအတွက် ကျန်းမာရေးလူ့စွမ်း အားအရင်း အမြစ်၊ ဆေးရုံနေရာ အဆောက်အဦ၊ အသွားအလာကန့်သတ်ရန် အဆောက်အဦ၊ ဘဏ္ဍာငွေနှင့် အရင်းအမြစ်များ ပိုမိုလိုအပ်လာမည့် ကိစ္စရပ်များ၊ ရောဂါကူးစက် ဖြစ်ပွားမှု များပြားနေပြီး မိမိနေအိမ်တွင်သာနေထိုင်ရေး (stay at home) တိုးချဲ့ ကြေညာသင့်သည့်မြို့နယ်များ၊ ကျန်းမာရေးဝန်ထမ်းများ၊ အထောက် အကူပြု ပညာရှင် များ၊ စေတနာ့ဝန်ထမ်းများသည် ကိုဗစ်-၁၉ လူနာနှင့် ထိတွေ့ခဲ့သူများအား ထောက်လှမ်းရှာဖွေခြင်း၊ အသွားအလာကန့်သတ်ခြင်း၊ လူနာများအား ကုသခြင်း နှင့် ရောဂါ ကာကွယ်ထိန်းချုပ်ခြင်းစသည့်လုပ်ငန်းများကို လုပ်ဆောင်မှု ကာလကြာမြင့် လာသည်နှင့် အမျှ စိတ်ရော၊ ကိုယ်ပါပင်ပန်းနွမ်းနယ် နေမှုများ၊ ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာ အထွေထွေကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ လျင်မြန်စွာကူးစက် ပျံ့နှံ့နေသော ကိုဗစ်-၁၉ ကပ်ရောဂါကို ထိရောက်စွာ ထိန်းချုပ်နိုင်ရေးအတွက် ဆေးနှင့် ဆေးပစ္စည်းများ အချိန်နှင့်တစ်ပြေးညီဖြန့်ဝေခြင်း အလွန်အရေးကြီးသည့် အချက်ဖြစ်ပါ ကြောင်း၊ ထိုသို့အချိန်နှင့် တစ်ပြေးညီ ဖြန့်ဝေနိုင်ခြင်းမရှိပါက လုပ်ငန်းများ နှောင့်နှေး သွားမည်ဖြစ်ပါကြောင်း၊ ဝယ်ယူဖြန့်ဖြူးရေးဌာနခွဲအနေဖြင့် တစ်ကိုယ်ရေရောဂါ ကာကွယ်ရေး အသုံးအဆောင်များအပါအဝင် ဆေးနှင့်ဆေး ပစ္စည်း များ ပြတ်လပ်မှုမရှိ စေရေးအတွက် ဗဟိုနှင့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးရှိ လက်ကျန်စာရင်းများကို နေ့စဉ်သုံးသပ်ကာ လိုအပ်သည်များ ကြိုတင်တွက်ချက်ဝယ်ယူ ဖြည့်တင်းထားရန် ညွှန်ကြားထားပြီးဖြစ်ပါကြောင်း။

ထိုသို့တွက်ချက်မှာကြားရာ၌ ပစ္စည်းများမှာယူသည့်အချိန်နှင့် ဆေးသိုလှောင် ရေးဌာနများသို့ ရောက်ရှိမည့် အချိန်တို့အကြား ကြာမြင့်ချိန်ကိုပါ မှန်းဆတွက်၍ ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ထို့အပြင် အကြောင်းအမျိုးမျိုးကြောင့် မထင်မှတ်ဘဲ ကြာမြင့်နိုင်သည့် အချိန်များကိုလည်း ကြိုတင်မှန်းဆ စဉ်းစားထားရမည်ဖြစ် ပါကြောင်း၊ အဆိုပါ ပစ္စည်းများအား လိုအပ်သည့် တိုင်းဒေသကြီး/ ပြည်နယ်အသီးသီးသို့ ပို့ဆောင် ခြင်းဖြင့် မပြီးသေးဘဲ အချိန်မီရောက်ရှိခြင်း ရှိ၊ မရှိကိုလည်း စောင့်ကြပ်ကြည့်ရှုရမည် ဖြစ်ကြောင်း၊ ကုသရေးပညာရှင်များအကြား Videoconferencing ဖြင့် ဆွေးနွေး တိုင်ပင်မှုများအား အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်စေလိုပြီး ကုသရေးပိုင်း ဆိုင်ရာ ဆုံးဖြတ်ချက်များအား ချက်ချင်း ဆောင်ရွက်ကြစေလိုကြောင်း၊ အခြားလိုအပ် သည့် ကိစ္စရပ်များအား ဗဟိုမှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ မူဝါဒရေးရာနှင့် ပတ်သက် သည့် ကိစ္စရပ်များကိုသာ မိမိတို့ဗဟိုသို့ တင်ပြရန်လိုအပ်ကြောင်း။

ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနရှိ တက္ကသိုလ်များမှ ဆရာ၊ ဆရာမ များအနေဖြင့် တက္ကသိုလ်များ ပိတ်ထားသည်ဖြစ်၍ COVID-19 ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများဆောင်ရွက်နေသည့် ရခိုင်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသ ကြီးတို့သို့ တာဝန်ချထားကာ ပံ့ပိုးစေလိုပါကြောင်း၊ ကိုဗစ်-၁၉ လူနာများအား စေတနာ ပြည့်ဝစွာဖြင့် ကုသမှုပေးနေသော ကျန်းမာရေးဝန်ထမ်းများထံ ရောဂါကူးစက်မှုမရှိ စေရေးအတွက် မိမိတို့အတွက် အထူးအရေးကြီးသည့် အချက်တစ်ခုဖြစ်ပါကြောင်း၊ ဆေးရုံများ၌ ရောဂါကူးစက်မှုကာကွယ်ရေးလုပ်ငန်း လမ်းညွှန်များကို အလေးထား လိုက်နာကျင့်သုံးမှုရှိစေရေးအတွက် အမြဲတမ်းဆောင်ရွက် စေလိုပါကြောင်း၊ သက်ဆိုင် ရာဆေးရုံအုပ်ကြီးများမှ လိုအပ်သည်များကို ချက်ချင်းပံ့ပိုးပေးရမည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်မှုကာကွယ် ထိန်းချုပ်ခြင်း လမ်းညွှန်များကို အသွားအလာကန့်သတ် ထားရှိရာနေရာများနှင့် ပြည်သူ့ကျန်းမာရေးလုပ်ငန်းများတွင်လည်း စနစ်တကျ မဖြစ်မနေလိုက်နာကျင့်သုံး ရမည်ဖြစ်ပါကြောင်း၊ ရောဂါကူးစက်ဖြစ်ပွားမှုများပြားသည့် ရခိုင်ပြည်နယ်မှ အခြားတိုင်းဒေသကြီး/ ပြည်နယ်များသို့ ရောက်ရှိနေသူများ၏ (၇၀) ရာခိုင်နှုန်းကျော်ခန့်တွင် ရောဂါလက္ခဏာမရှိဘဲ ရောဂါပိုးရှိနေသူများပါဝင်နိုင်ချေ ရှိနေသဖြင့် ၎င်းတို့မှတစ်ဆင့် ထပ်ဆင့်ရောဂါကူးစက်မှုများဖြစ်ပွားခြင်းများ ရှိနေနိုင် သည်ကို အထူး သတိပြုကြစေလိုပါကြောင်း။

ယခုအချိန်တွင်ကပ်ရောဂါကို ထိန်းချုပ်ရန်ဆောင်ရွက်ရာ၌ ကျန်းမာရေး ရှုထောင့်မှ သာမက လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ နိုင်ငံရေး၊ ဝန်ကြီးဌာနအချင်းချင်း စုပေါင်းဆောင်ရွက်ရေး ရှုထောင့်များမှပါ ချိန်ထိုးစဉ်းစားဆောင်ရွက်ကြရသည်ဖြစ်ပါ ကြောင်း၊ တိုင်းဒေသကြီး/ ပြည်နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး များသည် သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အစိုးရအဖွဲ့၊ နှီးနွှယ်ဌာန၊ အဖွဲ့အစည်းများနှင့် ချိတ်ဆက်မှု အားကောင်းစွာဖြင့် လုပ်ငန်းများဆောင်ရွက် နေသည် ကို တွေ့ရှိနေရခြင်းသည် ကောင်းသော လက္ခဏာတစ်ခုဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ်အလိုက် videoconferencing စနစ်ဖြင့် ပုံမှန် ဆွေးနွေး ညှိနှိုင်းခြင်း၊ လိုအပ်သည်များအား ဖြည့်ဆည်းဆောင်ရွက်ပေးခြင်းများ လုပ်ဆောင် ရမည်ဖြစ်ပါကြောင်း၊ မိမိတို့အနေဖြင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ အမေရိကန် CDC နှင့် နောက်ဆုံးပေါ် သုတေသနတွေ့ရှိချက်များအပေါ်အခြေခံကာ အသွားအလာကန့်သတ် သည့်ကာလအား (၂၁) ရက်မှ (၁၄) ရက်သို့ လျှော့ချရန် ဆောင်ရွက်နေပါကြောင်း၊ ထို့ပြင် အခြားသတ်မှတ်ချက်များအားလည်း နိုင်ငံတကာတွေ့ရှိချက်များနှင့်အညီ လျှော့ချသွားမည်ဖြစ်ပါကြောင်း၊ ဝန်ကြီးဌာနအအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များနှင့်အညီ ဤကပ်ရောဂါကို အမြန်ဆုံး ထိန်းချုပ်နိုင်ရေးဆောင်ရွက်လျက်ရှိပါကြောင်း ပြောကြား သည်။

ယနေ့ အစည်းအဝေးတွင် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီးဌာနမှ ဆရာဝန်များ ကိုဗစ်-၁၉ ကုသရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နိုင်ရေးကိစ္စအား ကုသရေးဦးစီးဌာနနှင့် ကျန်းမာရေးလူ့စွမ်းအားအရင်းအမြစ်ဦးစီး ဌာနတို့ ချက်ချင်း ညှိနှိုင်းဆောင်ရွက်ရန်၊ ဆေး၊ ဆေးပစ္စည်း၊ ကိရိယာလိုအပ်ချက်များအား ကြိုတင် တွက်ဆကာ ဗဟိုဝယ်ယူဖြန့်ဖြူးရေးဌာနခွဲထံ အချိန်နှင့်တစ်ပြေးညီ ဆက်သွယ် တောင်းယူရန်နှင့် ဆေးရုံအလိုက်ဆောင်ရွက်နိုင်သည့် အခြား လိုအပ်သည်များအား ချက်ချင်း ထပ်မံအားဖြည့်ဆောင်ရွက်ရန်၊ စက်ရုံ၊ အလုပ်ရုံများတွင် ရောဂါကူးစက် ပြန့်ပွားနိုင်ချေများရှိသဖြင့် ရောဂါကာကွယ်ရေး သတ်မှတ်ချက်များ ပြည့်မီခြင်းမရှိ သည့် စက်ရုံ၊ အလုပ်ရုံများအား ပိတ်သိမ်းခြင်းနှင့် သတ်မှတ်ချက် ပြည့်မီသော စက်ရုံ၊ အလုပ်ရုံများအားလည်း ရှောင်တခင် ကွင်းဆင်းစစ်ဆေးခြင်းများကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနနှင့် အားဖြည့်ပူးပေါင်း ဆောင်ရွက်ရန်၊ ကိုဗစ်-၁၉ ကုသရေးဌာန (ဖောင်ကြီး) တွင် လိုအပ်ပါက ယာယီဆေးရုံ များ တိုးချဲ့ထားရှိနိုင်ရန်အတွက် အစီအစဉ်ပြုစုကာ အမြန်ဆုံးတင်ပြရန်၊ ဆေးရုံ၊ ဆေးခန်းနှင့် ကျန်းမာရေးဌာနများတွင် ကိုဗစ်-၁၉ လူနာနှင့် အနီးကပ်ထိတွေ့မှုအား ဆုံးဖြတ်ရာ၌ " ကိုဗစ်-၁၉ လူနာနှင့် အနီးကပ်ထိတွေ့မှု (close contact) အဓိပ္ပာယ် သတ်မှတ်ချက်"နှင့် အညီဆောင်ရွက်ရန်၊ ရန်ကုန်တိုင်းဒေသ ကြီးတွင် အသွားအလာ ကန့်သတ်ရန်အတွက် အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိပ္ပံကျောင်းမှ အဆောင် များ၊ အားကစားရုံများအား အသုံးပြုနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်ရန်တို့ကို ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။

 (သတင်းစဉ်)