ခေါဇာ စက်တင်ဘာ ၉
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ ခေါဇာမြို့ရပ်ကွက်(၂)အတွင်းရှိ အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယမန်နေ့ ညနေ ပိုင်း က အိမ်တိုင်ရာရောက်လိုက်လံထောက်ပံ့ပေးခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊စတုတ္ထသုံးလပတ်ဖြစ်သည့် ဇူလိုင်လ၊ ဩဂုတ် လ၊ စက်တင်ဘာ လအတွက် ဘိုးဘွားတစ်ဦးကိုတစ်လလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် သုံးလစာ ငွေကျပ်(၃၀၀၀၀/-) တိတိကို ခေါဇာမြို့ ရပ်ကွက်(၂) အတွင်းရှိ သက်ကြီး ဘိုးဘွား(၁၄)ဦးအား ရပ်ကွက်(၂) အုပ်ချုပ်ရေးမှူးဦးစိုးဌေးနှင့် တာဝန်ရှိသူများက ထောက်ပံ့ငွေများကို ဘိုးဘွားများ လက်ဝယ်သို့ အိမ်တိုင်ရာရောက် လိုက်လံထောက်ပံ့ ပေးခဲ့ကြောင်း သိရသည်။
ညီညီချမ်း( ပြန်/ဆက်)