ကျိုက်မရော စက်တင်ဘာ ၉
မွန်ပြည်နယ် မော်လမြိုင်ခရိုင် ကျိုက်မရောမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်ရွေးကောက်ပွဲဆိုင်ရာ စေ့စပ်ညှိ နှိုင်းရေးကော်မတီ အစည်းအဝေးကို ယနေ့ နံနက် ၁၁ နာရီက မြို့နယ် ကော်မရှင် အဖွဲ့ခွဲရုံး အစည်းအဝေး ခန်းမ၌ ကျင်းပသည်။
အစည်းအဝေးတွင် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရှင်က ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရန် ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေများနှင့် အညီ ဆောင်ရွက်နိုင်ရေး၊ ကျန်းမာ ရေးနှင့်အားကစား ဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး နည်းလမ်း များအတိုင်း စနစ်တကျ ကျင်းပနိုင်ရေး၊ စက်တင်ဘာ ၈ ရက် မှ နိုဝင်ဘာ ၆ ရက်နေ့ထိ မဲဆွယ် စည်းရုံးရေး ကာလအတွင်း နိုင်ငံရေးပါတီများ၏ လိုက်နာရ မည့်စည်းကမ်းချက်များ၊ မြို့နယ် ရွေးကောက် ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေး ကော်မတီ၏ လုပ်ငန်းတာဝန်များကို ရှင်းလင်း ဆွေး နွေးပြီး ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်အိသဲလင်းက နိုင်ငံရေးပါတီများ၏ ကိုယ်စား လှယ် လောင်းအမည်များနှင့် စေ့စပ်ညှိနှိုင်းရေး ကော်မတီဖွဲ့စည်းခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်း ဆွေးနွေးခဲ့သည်။
ထို့နောက်တက်ရောက်လာသော နိုင်ငံရေးပါတီ အသီးသီးမှ တာဝန်ရှိသူများက သိရှိလိုသည်များ ကို မေးမြန်းခဲ့ကြရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းရှင်နှင့် တာဝန်ရှိ သူများ က ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။ အဆိုပါအစည်းအဝေးသို့ မြို့နယ်ရွေးကောက်ပွဲ ကော် မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ နိုင်ငံရေးပါတီအသီးသီးမှ ကိုယ် စား လှယ်များနှင့် ရပ်မိရပ်ဖ များ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)