ဆိပ်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ် ကာကွယ်ရေး အသိပညာပေး နှိုးဆော်ရေးကြေညာဘုတ်စိုက်ထူခြင်းနှင့် အသိပညာပေး နှိုးဆော်ရေး လုပ်ငန်းများ ကို ယမန်နေ့ နံနက် ၉ နာရီအချိန်ခန့်က မြို့ပေါ် အနော်ရထာ တံတား လမ်းဆုံ၊ မြေကြမ်း တောကျေးရွာနှင့် ဂွေးပင်ကျေးရွာများတွင် မြို့နယ် ကိုဗစ်- ၁၉ထိန်းချုပ် ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီနှင့် ဌာနဆိုင်ရာများ၊ လူမှုကူ ညီရေး အဖွဲ့အစည်းများ ပူးပေါင်း ဆောင်ရွက်သည်။
အဆိုပါ ကိုဗစ်-၁၉ရောဂါသည် လက်ရှိကူးစက်မှုပြန်လည်မြင့်တက်နေသည့်အတွက် မြို့ နယ် အတွင်း ကူးစက်ပြန့်ပွားခြင်း မရှိစေရေးအတွက် ပတ္တမြားဈေး၊ ဗိုလ်ချုပ်လမ်းဆုံ၊ ဆိပ်ဖြူ-ဆောလမ်းဆုံ၊ ဆိပ်ဖြူ-စလင်းလမ်းဆုံနှင့် အနော်ရထာတံတားလမ်းဆုံနှင့် ကျေး ရွာများအထိ သွားရောက်ပြီး အသိပညာပေး နှိုးဆော်ရေးလုပ်ငန်းများကို အသံချဲ့ စက်ဖြင့်လှည့်လည်ကြေညာပေးခြင်းများနှင့် နှာခေါင်းစည်း(Mask)များ ဖြန့်ဝေ တပ်ဆင် စေကြပြီး “Covid-19 ကို အနိုင်ယူဖို့ ဆိပ်ဖြူသူ/ သားများ (Mask) တပ်ဆင် ကြပါစို့” အသိပညာပေးနှိုးဆော်ရေးမြေစိုက်ကြော်ငြာ ဘုတ်များကိုပါ ကျေးရွာ များ အထိ စိုက်ထူ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရှိရသည်။
ကိုမျိုး (ယောဧရာ)