ရေး စက်တင်ဘာ ၉
မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွား (၁၀၂၁)ဦး တို့အား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ရပ်ကွက်/ကျေးရွာအသီးသီးရှိ အဘိုးဘွားများ၏ လက်ဝယ်သို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထား သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးစည်းကမ်းချက်နှင့်အညီ သွားရောက်ပေး အပ်ခဲ့ကြောင်းသိရသည်။
အဆိုပါထောက်ပံ့ငွေများကို လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချ ထားရေး ဝန်ကြီး ဌာန၏ ၂၀၁၉-၂၀၂၀ ခုနှစ်၊ ဘဏ္ဍာရေးနှစ် စတုတ္ထသုံး လပတ်ဖြစ် သည့် ဇူလိုင်၊ ဩဂုတ်၊ စက်တင်ဘာ လအတွက် ဘိုးဘွားတစ်ဦးကို တစ်လလျှင် ငွေကျပ်(၁၀၀၀၀/-)နှုန်းဖြင့် သုံးလစာ ငွေကျပ် (၃၀၀၀၀/-)တိတိကို ရေးမြို့နယ် အတွင်း ရှိ သက်ကြီးဘိုးဘွား(၁၀၂၁)ဦးတို့အား ထောက်ပံ့ ငွေများပေး အပ်ခဲ့ကြောင်း ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တာဝန်ရှိသူထံမှသိရသည်။
မြို့နယ်(ပြန်/ဆက်)