Skip to main content

မင်းဘူးမြို့တွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေးလှုပ်ရှားမှု ဆောင်ရွက်

မင်းဘူး  စက်တင်ဘာ   ၉

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် အိမ်အပြင်ထွက်သူတိုင်း နှာခေါင်းစည်း Mask တပ်ဆင်ရေး လှုပ်ရှားဆောင်ရွက်မှုအနေဖြင့် ပရဟိတအသင်း အဖွဲ့ များနှင့် စေတနာရှင် အလှူရှင်များမှလှူဒါန်းသော နှားခေါင်းစည်း Mask အခုရေ (၁၄၀၀) ကို ယနေ့နံနက်ပိုင်းက မင်းဘူး-စကု ကားလမ်းရှိ လမ်းသွားလမ်းလာသူများ၊ မြို့မဈေးနှင့် ဈေးဝန်းကျင်အနီး ရောင်းချနေသောဈေးသည်များကို အခမဲ့ဖြန်ဝေ ဆောင်ရွက် ပေးခဲ့ကြောင်း သိရသည်။

 “ပြည်သူတွေအနေနဲ့ တတ်နိုင်သလောက် သတ်မှတ်ထားတဲ့ စည်းကမ်းတွေကို စနစ်တကျ လိုက်နာဆောင်ရွက်စေချင်တယ်၊ ကုသခြင်းထက် ကြိုတင်ကာကွယ်ခြင်း က ပိုပြီး ထိရောက်ပါတယ်၊ မလိုအပ်ဘဲ အိမ်အပြင်မထွက်ကြဖို့နဲ့ အိမ်အပြင်ထွက်ပါက နှာခေါင်းစည်း Mask ကို မဖြစ်မနေတတ်ဆင်ကြဖို့၊ ယခုအချိန်အခါက ပြည်တွင်းကူး စက်မှုနှုန်းတွေ မြင့်တက်နေတာကြောင့် “စည်းကမ်းလိုက်နာ ဘေးကင်းကွာ” ဆိုတဲ့ဆောင်ပုဒ်နဲ့အညီ မိမိကိုယ်တိုင်က စည်းကမ်းလိုက်နာမှသာလျင် ဒီရောဂါကပ် ဆိုးကြီးကို ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်” ဟု ပရဟိတအသင်းအဖွဲ့ဝင် တစ်ဦးက ပြောကြားသည်။

ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်/မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် ချမ်းသာကြီး ပရဟိတ လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍  ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး၊ ကူးစက်ပျံ့နှံ့မှုမဖြစ်ပွားစေရေးတို့အတွက် သတ်မှတ်စည်းကမ်းချက် များကို လိုက်နာဆောင် ရွက်နိုင်စေရန် လူသွားလူလာများသောနေရာများ၌ နှားခေါင်း စည်း Maskများကို အခမဲ့ဖြန့်ဝေပေးခြင်းနှင့် အသိပညာပေးနှိုးဆော်ခြင်းများကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မောင်မောင်(မင်းဘူး)