Skip to main content

မင်းတုန်းမြို့ နယ်တွင် CERP အစီအစဉ်ဖြင့်မိုးစပါးမျိုးစေ့ထုတ် စိုက်ပျိုးတောင်သူများ အား ထောက်ပံ့ငွေများ ပေးအပ်

မင်းတုန်း စက်တင်ဘာ ၉

မကွေးတိုင်းဒေသကြီး၊မင်းတုန်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေးကုစားမှု (CERP) အစီအစဉ်ဖြင့် မိုးစပါး စေ့ထုတ်စိုက်ခင်းကို ကျေးရွာအုပ်စု(၂၄)အုပ်စုတွင် တောင်သူ ပေါင်း (၁၂၆)ဦးမှ မနောသုခ (၉၅) ဧက၊ဆင်းသုခ(၁၁၅) ဧက၊မှော်ဘီ-၂ ဧက(၃၀)၊ ပြည်တော်ရင်(၅)ဧက၊ရတနာတိုး(၅)ဧက စုစုပေါင်း ဧက(၂၅၀)စိုက်ပျိုးပြီးစီးပြီ ဖြစ် သည်။     

မိုးစပါး မျိုး‌စေ့ထုတ်စိုက်ပျိုးခြင်း စိုက်ပျိုးစရိတ်ကို(၂၀၁)ဧကအတွက် ပထမအကြိမ်နှင့် ဒုတိယ အကြိမ်တွင် ပေးအပ်ပြီးဖြစ်ပြီး ယနေ့နံနက် ၁၀ နာရီတွင် ကျန်ရှိသော (၄၉) ဧကအတွက် စိုက်ပျိုးစရိတ်ထောက်ပံ့ငွေများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ပေးအပ်ခဲ့ကြောင်း သိရ သည်။

အဆိုပါမိုးပါးမျိုးစေ့ထုတ်စိုက်ပျိုးစရိတ် ထောက်ပံ့ငွေများကို နိုင်ငံတော်မှ တစ်ဧကလျှင် မျိုးစေ့ဖိုး(၈၅၀၀) ကျပ်၊လုပ်အားခအဖြစ် စိုက်ပျိုးစရိတ်(၇၅၀၀၀)ကျပ်၊ မျိုးကွဲ နှုတ်ပယ် စရိတ် (၅၀၀၀၀)ကျပ်၊ မျိုးစေ့သန့်စင်စရိတ် (၁၅၀၀၀)ကျပ်၊စုစုပေါင်း (၁၄၈၅၀၀) ကျပ်ထောက်ပံ့ခြင်း ဖြစ်ပြီး ထွက်ရှိလာသော မျိုးကောင်းမျိုးသန့် မျိုး စပါးများ ကိုအခြားတောင်သူများအား ဆက် လက်ဖြန့် ဝေသွားမည်ဖြစ်ပြီး ‌နှစ်စဉ် မျိုးစပါး ဝယ်ယူရေး အခက်အခဲများ ပြေလည်သွားမည် ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးဦးစီးမှူး ဦးထွန်းထွန်းဦးထံမှ သိရှိရသည်။

ချင်းကလေး(NRDC)