ပွင့်ဖြူ စက်တင်ဘာ ၉
မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြူမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်အတွင်းရှိ ပြည်သူများ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ COVID – 19 ရောဂါနှင့် ပက်သက်ပြီး ကြိုတင် ကာကွယ် နိုင်ရန်နှင့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူတိုင်း မဲပေးခွင့် အခွင့် အရေး မဆုံးရှုံးစေရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ သိကောင်း စရာများကို မြို့နယ်ရုံး မြေစိုက်ဘုတ် တွင် အသိပညာပေး ပြုလုပ်ပြသထားရှိရာ ယနေ့ နံနက်ပိုင်းက မြို့တွင်း ဖြတ်သန်းသွားလာသော ပြည်သူများက စိတ်ဝင်တစား လေ့လာဖတ်ရှုကြကြောင်း သိရသည်။
အဆိုပါ အသိပညာပေး မြေစိုက်ဘုတ်တွင် နိုင်ငံတော်အစိုးရ၏ တိုင်းကျိုးပြည်ပြု ဖွံ့ဖြိုးရေးလုပ်ငန်း ဆောင်ရွက်ချက် မှတ်တမ်းဓာတ်ပုံများ အပါအဝင် ရွေးကောက်ပွဲတွင် မဲပေးခွင့် မဆုံးရှုံးစေရေးအတွက် မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိထားသင့်သော အချက်များ ၊ ဒုတိယအကြိမ် မဲစာရင်းများ ထုတ်ပြန် ကြေညာမည့်နေ့ရက်နှင့် အစီအစဉ်များ ၊ မြို့နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင် ရန် အဆိုပြုလျှောက်ထားသော ကိုယ်စားလှယ်လောင်းအမည်စာရင်းများ ၊ COVID – 19 ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါနှင့် ပက်သက်၍ ပြည်သူများ ကြိုတင်ကာကွယ်ရမည့် ဆောင်ရန်ရှောင်ရန်များ ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်များ ပါဝင်ကြောင်း သိရကာ ယနေ့နံနက်ပိုင်းက မြို့တွင်း ဖြတ်သန်းသွားလာကြသည့် ပြည်သူများက စိတ်ဝင်တစ်စား ဝင်ရောက်လေ့လာဖတ်ရှုကြကြောင်း ပွင့်ဖြူမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်ဝါဝါလှိုင် ထံမှ သိရသည်။
ရဲဝင်းနိုင် ( ညောင်ဦး )