Skip to main content

မွန်ပြည်နယ် မုဒုံမြို့၌ မျိုးစေ့ထုတ်မိုးစပါး ၁၅၀ ဧက စိုက်ပျိုးပြီးစီး

မုဒုံ   စက်တင်ဘာ    ၉

မွန်ပြည်နယ် မော်လမြိုင်ခရိုင်      မုဒုံမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွါးရေး ကုစားမှု အစီစဉ်  (CERP) ဖြင့် ထောက်ပံ့မှုအရဆောင်ရွက်သော ပေါ်ဆန်းရင်မျိုးစေ့ထုတ်မိုးစပါး R.S မျိုး (၁၅၀)ဧက ကိုစိုက်ပျိုးရန်လျာထားရာ ယနေ့အချိန်ထိ(၁၅၀)ဧကစိုက်ပျိုးပြီးဖြစ် ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

မျိုးစေ့ထုတ် စိုက်ပျိုးရာတွင် မြို့နယ်စိုက်ပျိုးရေးဗဟိုခြံမှ ထုတ်လုပ်သည့် မျိုးသန့် မျိုးပွား မျိုးစေ့ကို စိုက်ပျိုးရပြီး  ခြောက်တန်းတစ်တန်းလှပ်စနစ်ဖြင့်      စိုက်ပျိုးရကြောင်း၊ ပေါင်း နုတ်ခြင်း၊  မျိုးကွဲပယ်ခြင်း၊   ရိတ်သိမ်းခြွေလှေ့သန့်စင်ခြင်းလုပ်ငန်းများကိုမြို့နယ် စိုက် ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများ၏အနီးကပ်ကြီးကြပ်မှုဖြင့် စနစ်တကျဆောင်ရွက် လျက် ရှိကြောင်း ကွမ်တာကျေးရွာမှမျိုးစေ့ထုတ် မိုးစပါးစိုက်တောင်သူ   ဦးစိန်ဝင်း ကပြောကြား သည်။

မုဒုံမြို့နယ်၌ ကိုဗစ်-၁၉စီးပွားရေးကုစားမှုအစီအစဉ်(CERP)ဖြင့် မျိုးစေ့ထုတ်လုပ် ရန် အတွက် တော်ကူးကျေးရွာနှင့် ကွမ်တာကျေးရွာတို့မှ တောင်သူ(၁၉)ဦးကစိုက်ဧက ၁၅၀ဧ က မှာမျိုးစေ့ထုတ်မိုးစပါးများကို စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်းသိရသည်။

အောင်မျိုးသူ(မုဒုံ)