Skip to main content

ချောင်းဆုံမြို့နယ် ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် စီးပွားဖြစ် ရက်လုပ် သည့် ယိုးဒယားပလတ်စတစ်ခြင်းများ အဝယ်လိုက်၍ တိုးချဲ့လုပ်ကိုင်နေရ

ချောင်းဆုံ စက်တင်ဘာ ၉

မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ ချောင်းဆုံအရှေ့ပိုင်းရပ်ကွက်တွင် တစ်နိုင်တစ်ပိုင် လုပ် ကိုင် လျက်ရှိသည့် ယိုးဒယားပလတ်စတစ်ခြင်းများကို အိမ်တွင်း စီးပွားဖြစ်လုပ်ကိုင် လျက် ရှိပြီး ကိုဗစ်-၁၉ ရောဂါကာလအတွင်းကြိုတင်မှာယူသူများလာသဖြင့် အဝယ်လိုက် ၍ တိုး ချဲ့ လုပ်ကိုင် ရောင်းချလျက် ရှိကြောင်းသိရသည်။

"ပလတ်စတစ်ခြင်းစလုပ်ဖြစ်တာကတော့ ၁နှစ် ကျော် ၂ နှစ်လောက်ရှိပါပြီ ရန်ကုန်မှာ သင်တန်း တက်ရောက်ပြီး တော့အိမ်ကနေပြီး လုပ်ကိုင်ရာကနေ မော်လမြိုင်မြို့တွင် လုပ်ပြီးသား ထွက်ရှိလာတဲ့ခြင်းတွေကို ပြန်ရောင်းဖြစ်တယ် ခုဆိုရင်လဲ အော်ဒါ လာရောက်မှာ ယူသူတွေနဲ့ အလုပ်တွေက ရှိနေပါတယ် အလုပ်သမားကတော့ လုပ်နိုင်တဲ့ ခြင်းအရေအတွက်အပေါ် မူတည်ပြီးတော့ အလုံးကျပေးပါတယ်"ဟု ယိုးဒယား ပလတ်စတစ် ခြင်း လုပ်ကိုင်သူ မနွယ်နီလင်း ကပြောသည်။

ကုန်ကြမ်းအတွက် အခက်အခဲမရှိသလိုသင်ယူရတာလွယ်ကူတဲ့အတွက် အိမ်မှာနေပြီး အပိုဝင်ငွေ ရရှိမှာဖြစ်တဲ့ အတွက်ကြောင့် အိမ်မှုကိစ္စများလည်း မလစ်ဟင်းစေဘဲ တစ်နေ့ ကို ခြင်း (၅) လုံး မှ (၈)လုံးထိ ရက်လုပ်နိုင်တဲ့အတွက် လုပ်အားခ(၁)လုံးကို (၈၀၀) ကျပ်လောက် ရသဖြင့် အိမ်မှာနေရင်း အပိုဝင်ငွေရရှိသည့် အတွက်အဆင်ပြေလျက် ရှိ ကြောင်း ခြင်းအလုံး ကျရက်သူ မဖူးဖူးက ဆိုသည်။

ယခုအခါ ဝယ်ယူသူပိုများလာတဲ့အတွက် ယိုးဒယားပလတ်စတစ် ခြင်းများ ကို တစ်ပိုင် တစ်နိုင် ရက်လုပ် နေရာမှ ခြင်းရက်လုပ်ခြင်းကိုတိုးချဲ့လုပ်ကိုင် နေရကြောင်း သိရ သည်။

ထူးအိမ်(ချောင်းဆုံ)