Skip to main content

စဉ့်ကူးမြို့နယ်ရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် ပြည်သူအချို့ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များနှင့် PDF အမည်ခံအကြမ်းဖက်သမားများ ဇွန်လ ၁၁ ရက် ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားခဲ့သည့်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်နက်ကြီးများဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ ထိုသို့ပစ်ခတ်မှုကြောင့် ထုံးကြီးကျေးရွာမှ ပြည်သူ ၁ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာများရရှိခဲ့ကြောင်း သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ မှန်ကန်မှုမရှိကြောင်း၊ စဉ်ကူးမြို့နယ်အတွင်း လုံခြုံရေးပူးပေါင်းတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသော်လည်း ယနေ့နံနက်ပိုင်းတွင် တိုက်ပွဲများဖြစ်ပွားမှုနှင့် လက်နက်ကြီးပစ်ခတ်မှုများမရှိကြောင်း ဒေသခံပြည်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများမှ နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူလူထုမှ ထင်ယောင်ထင်မှားဖြစ်စေရန်နှင့် ကြောက်ရွံ့ထိတ်လန့်မှုဖြစ်ပွားစေရန်အတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များ ရောက်ရှိသည့်နေရာနှင့် အနီးဝန်းကျင်နေရာများတွင် လုပ်ကြံသတင်းများဖြင့် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ရေးသားဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။