Skip to main content

မုံရွာမြို့ပတ်လမ်းတွင် အပြစ်မဲ့အမျိုးသားတစ်ဦးကို တပ်မတော်က ပစ်သတ်ဟု မဟုတ်မမှန် ရေးသားဖြန့်ဝေလျက်ရှိ

နေပြည်တော် ဇွန် ၉

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့တွင် ဇွန်လ ၇ ရက်နေ့က ကံမကျေးရွာအနီး မြို့ပတ်လမ်းသို့ တပ်မတော်မှ ကားဖြင့် ရောက်ရှိလာပြီး ကားပေါ်က အပြစ်မဲ့အမျိုးသားတစ်ဦးကို သေနတ်ဖြင့် ပစ်သတ်လိုက်ကြောင်း မဟုတ်မမှန်သတင်းများကို တရားမဝင်ပြည်ဖျက်မီဒီယာခေတ်သစ်က လူမှုကွန်ရက်ပေါ်တွင် ဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရသည်။

ဖြစ်စဉ်မှန်ကန်မှုရှိ/မရှိ သက်ဆိုင်ရာမြို့နယ်ရှိ နယ်မြေလုံခြုံရေးတာဝန်ရှိသူတစ်ဦးထံ ဆက်သွယ်မေးမြန်းရာ အဆိုပါသတင်းမှာ မှန်ကန်မှုမရှိကြောင်းနှင့် သတင်းအမှားသာဖြစ်ကြောင်း သိရှိရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် ဒေသခံပြည်သူလူထုအပေါ် ဥပဒေမဲ့ပြုကျင့်မှုများကို လုပ်ဆောင်ခြင်းမရှိပါကြောင်းနှင့် ရပ်ရွာအေးချမ်းသာယာရေးအတွက် ထုတ်ပြန်ထားသော တည်ဆဲဥပဒေများနှင့်အညီ လိုက်နာဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

တရားမဝင်ပြည်ဖျက်မီဒီယာများသည် အခြေအမြစ်မရှိသော သတင်းတု၊ သတင်းအမှားများကို ရည်ရွယ်ချက်ရှိရှိ ဝါဒဖြန့်ဝေလျက်ရှိရာ လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြည်သူအများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင်ရေးအတွက် နယ်မြေလုံခြုံရေး ဆောင်ရွက်နေမှုများအပေါ် အများပြည်သူ အထင်အမြင်လွဲမှားစေရန်နှင့် စိုးရိမ်ထိတ်လန့်စေရန်အတွက် ကောလာဟလသတင်းများကို လုပ်ကြံရေးသား ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။