Skip to main content

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနား တက်ရောက်

မန္တလေး ဇွန် ၈

မြန်မာနိုင်ငံတစ်ဝန်းလုံးတွင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အသိအမြင်တိုးတက်လာသည် နှင့်အမျှ သစ်တောသစ်ပင် စိုက်ပျိုးပြုစုထိန်းသိမ်းခြင်း လုပ်ငန်းများတွင် ပြည်သူတစ်ရပ်လုံးက တက်ကြွစွာပါဝင်ဆောင်ရွက်လျက်ရှိရာ ပြည်သူလူထုပါဝင်သော သစ်တောသစ်ပင်ပြုစုထိန်းသိမ်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

တက်ရောက်

ပတ်ဝန်းကျင် စိမ်းလန်းစိုပြည်စေရန်နှင့် သာယာလှပစေရန်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွင် အထောက်အကူပြုရန်၊ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်ထိန်းသိမ်းနိုင်ရန်နှင့် သစ်တောထိန်းသိမ်းရေးလုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင်လာစေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲများကို ကျင်းပလျက်ရှိသည်။ ယနေ့နံနက်ပိုင်းတွင် ချမ်းမြသာစည်မြို့နယ်နှင့် ပြည်ကြီးတံခွန်မြို့နယ်တို့၌ မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများကို ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး တရားလွှတ်တော် တရားသူကြီးချုပ်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်တို့မှ ဌာနဆိုင်ရာများ၊ တက္ကသိုလ်၊ ဒီဂရီကောလိပ်တို့မှ ပါမောက္ခချုပ်များ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ အသင်းအဖွဲ့များ၊ ပြည်သူများ တက်ရောက်ကြပြီး အရိပ်ရပင်များကို စိုက်ပျိုးခဲ့ကြသည်။

ကြည့်ရှုအားပေး

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ချမ်းမြသာစည်မြို့နယ် မန္တလေး-ပြင်ဦးလွင်လမ်း (၄၄ လမ်းမှ ၁၁၇လမ်း) ၌ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီကကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ရောက်ရှိပြီး တက်ရောက်လာသူများနှင့်အတူ သတ်မှတ်နေရာများတွင် အရိပ်ရပင်များစိုက်ပျိုးကာ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများက အရိပ်ရအပင်များ စုပေါင်း၍ စိုက်ပျိုးနေမှုများကို လိုက်လံကြည့်ရှုအားပေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပြည်ကြီးတံခွန်မြို့နယ်ရှိ လောကမဏိစူဠာ ဘုရားဝင်းအတွင်း၌ ကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲသို့ရောက်ရှိပြီး သတ်မှတ်နေရာများတွင် အရိပ်ရပင်များ စိုက်ပျိုးကာ တက်ရောက်လာသူများက တပျော်တပါး တက်ကြွစွာဖြင့် စိုက်ပျိုးနေမှုများကို ကြည့်ရှုအားပေးသည်။

ယနေ့ကျင်းပသည့် ၂၀၂၄ ခုနှစ် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲများတွင် မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီက ချမ်းမြသာစည်မြို့နယ် အပါအဝင် အောင်မြေသာစံမြို့နယ်၊ ချမ်းအေးသာစံမြို့နယ်၊ မဟာအောင်မြေမြို့နယ် ပြည်ကြီးတံခွန်မြို့နယ်နှင့် အမရပူရမြို့နယ်တို့တွင် မဟော်ဂနီ၊ မဲဇလီ၊ ငုဝါ၊ တည်၊ မည်စည်၊ စိန်ပန်း၊ ခရေ စုစုပေါင်း ပျိုးပင် ၃၉၉၀ စိုက်ပျိုးခဲ့ပြီး ယခုနှစ် မိုးရာသီတွင် စီမံချက်ဖြင့် အပင် ၂၀၀၀၀ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း၊ လောကမဏိစူဠာ ဘုရားဝင်းအတွင်း၌ မဟော်ဂနီ၊ ခရေ၊ ပိတောက်၊ မည်စည်၊ ကံ့ကော်၊ ရင်းမာ၊ သင်္ဘောတည်၊ တမာ၊ စိန်ပန်းနီ၊ မန်ကျည်း၊ လင်းလွန်း၊ တပေဘူတ စသည့်စုစုပေါင်းပျိုးပင် ၆၅၆ ပင်ကို စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်