နေပြည်တော် ဇွန် ၈
ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေတွင် ပြည်တွင်းပြည်ပ ကျွမ်းကျင်ပညာရှင်များ၏ အကြံပြုချက်များနှင့် ကမ္ဘာ့အမွေအနှစ်စံနှုန်းများနှင့်အညီ ပြန်လည်တူးဖော်ပြုပြင် ထိန်းသိမ်းလျက်ရှိသော ပထမအဆင့်ရှေးဟောင်းရေကန် ၄၆ ကန်နှင့် ဒုတိယအဆင့် ရှေးဟောင်းရေကန် ၄၅ ကန်တို့အတွက် ပါဝင်လှူဒါန်းလိုပါက ညွှန်ကြားရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (စီမံ/ဘဏ္ဍာ ဌာနခွဲ) နေပြည်တော် ဖုန်း-၀၉-၄၄၄၀၄၇၁၂၃၊ ၀၆၇- ၃၄၀၈၄၁၈၊ ညွှန်ကြားရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲ ဖုန်း-၀၉-၅၀၆၁၈၃၂၊ ၀၁-၇၅၁၃၈၉၇၊ ညွှန်ကြားရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန မန္တလေးဌာနခွဲ ဖုန်း-၀၉-၂၀၀၂၁၉၅၊ ၀၂-၄၀၆၀၀၆၁၊ ညွှန်ကြားရေးမှူး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ပုဂံဌာနခွဲ ဖုန်း-၀၉-၂၀၀၁၉၀၆၊ ၀၆၁- ၂၄၆၀၂၆၉ တို့သို့လည်းကောင်း၊ KBZ Bank NYAUNG OO BRANCH Account No- 06713906701442701 သို့လည်းကောင်း ပေးပို့ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အသိပေးနှိုးဆော်ထားသည်။
သတင်းစဉ်