ရန်ကုန် ဇွန် ၆
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့က ဇွန် ၄ ရက် နံနက်ပိုင်းတွင် ရန်ကုန်မြို့ဗဟန်းမြို့နယ် ဝင်္ကပါလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး၌ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးမိသားစုဝင်များ၏ ပညာရေးထောက်ပံ့မှုအတွက် ဗဟိုဥက္ကဋ္ဌ ဦးဝဏ္ဏနှင့်ဒေါက်တာအောင်မိုးတို့က ငွေကျပ်သုံးသိန်းလှူဒါန်းရာ မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ နာယကဦးအောင်လွင်နှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များက လက်ခံရယူကြသည်။
လှူဒါန်း
ဘာသာပေါင်းစုံ ချစ်ကြည်ညီညွတ်ရေးအဖွဲ့ ဗဟိုအထောက်အကူပြု အမျိုးသမီးရေးရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်မြသွေးက ငွေကျပ်တစ်သိန်းထပ်မံလှူဒါန်းပြီး အဆိုပါအခမ်းအနားသို့ အမျိုးသမီးရေးရာဒုတိယဥက္ကဋ္ဌ ဒေါ်ဝင်းဝင်းသန်းလည်း တက်ရောက်ခဲ့သည်။
သတင်းစဉ်