နေပြည်တော် ဇွန် ၃
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့််အတူ ယနေ့နံနက်ပိုင်းတွင် တပ်ကုန်းမြို့နယ် မြို့ဦးပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တပဏ္ဍဝမဟာထေရ်မြတ်အား သွားရောက်ဖူးမြော်ကြည်ညို၍ ဆွမ်းဆန်တော်၊ ဆီ၊ နဝကမ္မအလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် တပ်ကုန်းမြို့ အနော်ရထာရပ်ကွက်ရှိ အားမာန်သစ် စာကြည့်တိုက်သို့သွားရောက်၍ စာကြည့်တိုက်အတွင်း ပြည်သူများ စာပေဖတ်ရှုလေ့လာနေမှုကို ကြည့်ရှုအားပေးပြီး စာကြည့်တိုက်အတွက် ငွေပဒေသာပင်နှင့် စာအုပ်များကို ပေးအပ်လှူဒါန်းသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ တပ်ကုန်းမြို့နယ်အတွင်းရှိ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ MSME လုပ်ငန်းရှင်များ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက MSME လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့်စပ်လျဉ်း၍ အမှာစကားပြောကြားပြီး ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများအား စားသောက်ကုန်ပစ္စည်းများ ထောက်ပံ့ပေးအပ်သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် အောင်မြေရိပ်သာကျေးရွာ စိုက်ပျိုးစီးပွားအသိပညာပေးစင်တာ၌ ဒေသခံတောင်သူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို မှာကြားပြီး တောင်သူများကို နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်းမှ မိုးစပါးအတွက် ဓာတ်မြေဩဇာများကို ပေးအပ်ကြသည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် အောင်မြေရိပ်သာကျေးရွာ ကွင်းအမှတ် (၁၄၁၇)တွင် ၂၀၂၄-၂၀၂၅ ခုနှစ်၊ နွေနှမ်းသီးနှံပေါင်ကြီးတင် စံပြကွက် ၁၀ ဧကစိုက်ခင်းတွင် အောင်မြင်ဖြစ်ထွန်းနေသည့် နွေနှမ်းသီးနှံများအား ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအားမှာကြားသည်။
မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့််အဖွဲ့ဝင်များသည် ပျဉ်းမနားခရိုင် အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ကျင်းပသည့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အဆင့် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆုနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုကောင်းမွန်သော မြို့နှင့်ကျေးရွာတို့အား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းဆုရကျောင်းများနှင့် ပတ်ဝန်းကျင်စီမံခန့်ခွဲ မှုကောင်းမွန်သောမြို့နှင့်ကျေးရွာများကို ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ကြသည်။
ညနေပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် Foundation For Life and Culture Movement ကိုရီးယားကိုယ်စားလှယ်အဖွဲ့အား နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ စိုက်ပျိုးရေးနှင့် မွေးမြူရေးအလုပ်သမားများ ရာသီလုပ်သားခေါ်ယူရေးနှင့်ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြပြီး အမှတ်တရလက်ဆောင်ပစ္စည်းများ အပြန်အလှန်ပေးအပ်ကြသည်။
သတင်းစဉ်