Skip to main content

ရွှေသွေးဂျာနယ်ထွက်ရှိ

နေပြည်တော် မေ ၃၀

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်ရုံးက အပတ်စဉ် စနေနေ့တိုင်း ရွှေသွေးဂျာနယ်ကို ထုတ်ဝေဖြန့်ချိလျက်ရှိသည်။

၁-၆-၂ဝ၂၄ ရက် (စနေနေ့) တွင် ထွက်ရှိမည့် ရွှေသွေးဂျာနယ် အတွဲ (၅၆)၊ အမှတ် (၂၂) တွင် သူငယ်ချင်းများက သူ့အပေါ်တွင် မည်သို့ပင်ပြောဆိုဆက်ဆံသော်လည်း သည်းခံကာ ကူညီပေးတတ်သော ပုပုအကြောင်း တင်ဆက်ထားသည့် “သူငယ်ချင်း” မျက်နှာ ဖုံးကာတွန်း၊ ရေကို တန်ဖိုးထား၍ စနစ်တကျ သုံးစွဲကြရန်နှင့် ရေထုညစ်ညမ်းမှုမဖြစ်အောင် ဝိုင်းဝန်း ကာကွယ်ထိန်းသိမ်းသင့်ကြောင်း ဗဟုသုတဖြစ်ဖွယ် ရေးသားထားသည့် “ရေချိုသံယဇာတကို ထိန်းသိမ်းကြပါစို့” သုတဆောင်းပါးကဏ္ဍ၊ သူငယ်ချင်းတူးမာနှင့်အတူ ပန်းချီသင်တန်းတက်ချင်သည့် ဖိုးလပြည့်အကြောင်း တင်ဆက်ထားသည့် “ဖိုးလပြည့်” နှစ်မျက်နှာကာတွန်း၊ မိဘဆိုသည်မှာ သားသမီးများကို သူတို့အသက်ထက်ပင် ချစ်မြတ်နိုးကြောင်းကို နားလည်သဘောပေါက်သွားသည့် ထွန်းတောက်အကြောင်း ရေးသားထားသည့် “မေမေ့ကို မမုန်းတော့ပါ” ဝတ္ထုကဏ္ဍ၊ သူငယ်ချင်းများကို အစအနောက်သန်သည့် “လင်းသစ်” အကြောင်း တင်ဆက်ထားသည့် “လင်းသစ်” တစ်မျက်နှာကာတွန်း၊ ကြွက်တွေ၏ အကင်းပါးမှုကြောင့် ကြောင်နက်ကြီး၏ရန်မှ လွတ်မြောက်သွားသည့်အကြောင်း ရေးသားထားသည့် “ဉာဏ်များတဲ့ ကြောင်နဲ့ အကင်းပါးတဲ့ ကြွက်” ပုံပြင်ကဏ္ဍ၊ ဖေဖေသည် မေမေကလွဲ၍ မည်သည့်အရာမျိုးကိုမဆို မကြောက်တတ်ဘူးဆိုသည်ကို ကြွားချင်သည့် ဖြိုးရဲအကြောင်း တင်ဆက်ထားသည့် “ကြွားလိုက်မယ်” နှစ်မျက်နှာကာတွန်း၊ ဒုက္ခရောက်နေသူကို ကူညီပေးရမည်မှာ လူငယ်တို့၏ တာဝန်သာဖြစ် သင့်ကြောင်းခံယူထားသော “ဖိုးသောကြာ” အကြောင်းတင်ဆက်ထားသည့် “ကူညီတတ်သောစိတ်” နှစ်မျက်နှာကာတွန်း၊ တိုက်ခန်းတစ်ခန်းတွင် ဆူညံမှုနှင့်ပတ်သက်ပြီး အိမ်နီးချင်းတိုက်ခန်းအချင်းချင်းပြောဆိုသည့်အကြောင်းကို ရေးသားထားသည့် “ရွှေသွေးစကားဝိုင်း” ကဏ္ဍ၊ ကလေးလက်ရာကဏ္ဍ၊ ဉာဏ်စမ်းကဏ္ဍနှင့် ကဗျာကဏ္ဍတို့အပါအဝင် ကဏ္ဍစုံစုံလင်လင်ဖြင့် ထွက်ရှိပြီဖြစ်ရာ တစ်စောင်လျှင် ငွေကျပ် ၄၀၀ ဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင်များတွင် ဝယ်ယူနိုင်ကြောင်း သိရသည်။

သတင်းစဉ်