Skip to main content

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လျက်ရှိပြီး ပြည်တွင်းတွင် ပုံမှန်ဖြန့်ဖြူးပေးလျက်ရှိကြောင်းနှင့် စက်သုံးဆီအရောင်းဆိုင်များသို့ ရှောင်တခင်ဝင်ရောက်ပြီး သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်နေမှုရှိ/ မရှိ စစ်ဆေးဆောင်ရွက်လျက်ရှိ

နေပြည်တော် မေ ၃၀

ပြည်ပမှ စက်သုံးဆီတင်သင်္ဘောများသည် ကြိုတင်စီမံထားသည့်အတိုင်း ပုံမှန်အဆက်မပြတ် ဝင်ရောက်လျက်ရှိပြီး Terminal အသီးသီးသို့ ချယူဖြည့်တင်းလျက်ရှိကြောင်း၊ ဆက်လက်၍လည်း ပုံမှန်ဝင်ရောက်လျက်ရှိနေကြောင်း၊ အရန်စက်သုံးဆီများလည်းပါဝင်ကြောင်းနှင့် ပြည်တွင်းစက်သုံးဆီသုံးစွဲမှုအတွက် ဖူလုံမှုရှိကြောင်း သိရှိရသည်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီသည် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းနှင့် ပေါင်းစပ်ညှိနှိုင်း၍ တစ်နိုင်ငံလုံးရှိ စက်မှုဇုန်စက်ရုံအလုပ်ရုံများအပါအဝင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယ်ယူပို့ဆောင်ရေးစသည့် အခြားကဏ္ဍအသီးသီးသို့လည်း လိုအပ်ချက်နှင့်အညီ ပို့ဆောင်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ရောင်းဈေးနှုန်းကိုလည်း ထိန်းသိမ်းကြပ်မတ်လျက်ရှိသဖြင့် တည်ငြိမ်လျက်ရှိပြီး အများပြည်သူအနေဖြင့် အလွယ်တကူ အဆင်ပြေချောမွေ့စွာ ဝယ်ယူသုံးစွဲနိုင်လျက်ရှိကြောင်း သိရသည်။

စက်သုံးဆီအရောင်းဆိုင်များသို့ သတ်မှတ်ရည်ညွှန်းဈေးအတိုင်း ရောင်းချခြင်းရှိ/ မရှိ၊ သတ်မှတ်အရည်အသွေးနှင့် အခြင်အတွယ် ကိုက်ညီမှန်ကန်မှုရှိ/ မရှိနှင့် ထုတ်ပြန်ထားသော သတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်ခြင်းရှိ/ မရှိကို ရှောင်တခင်စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်းနှင့် လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်