နေပြည်တော် မေ ၂၉
ပဲခူးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ် ဥသျှစ်ပင်မြို့တွင် မေ ၂၈ ရက်က လုံခြုံရေး တပ်ဖွဲ့ဝင်များက မြို့အဝင်အထွက် စစ်ဆေးရေးဂိတ်များ၊ လမ်းများပေါ်တွင် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီး မှတ်ပုံတင်မပါရှိသူများ၊ ဆိုင်ကယ်လိုင်စင်မပါရှိသူများနှင့် ဆိုင်ကယ်ဦးထုပ်မပါရှိသူ လူငယ်များကို အကြောင်းပြချက်မျိုးစုံဖြင့် စစ်မှုထမ်းဆောင်ရန် ပေါ်တာဆွဲဖမ်းဆီးနေပြီး လူငယ် ၁၀၀ ကျော် ဖမ်းဆီးခံရကြောင်း အများပြည်သူထင်ယောင်ထင်မှား ဖြစ်စေမည့် သတင်းတု၊ သတင်းအမှားများကို တရားမဝင်ပြည်ဖျက်မီဒီယာများက မဟုတ်မမှန်ရေးသားဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါ သတင်းနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ ပန်းတောင်းမြို့နယ်အတွင်း၌ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရေးအတွက် အသိပညာပေးခြင်း၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်း လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းများနှင့် လုံခြုံရေးအရလိုအပ်သည့်စစ်ဆေးမှုများ ဆောင်ရွက်ခြင်းကို မေ ၂၈ ရက်တွင် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ စနစ်တကျဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး လူငယ်များကို ဖမ်းဆီးခဲ့ခြင်းမရှိကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေ စတင်အာဏာ တည်သည့်နေ့မှစ၍ တရားမဝင်ပြည်ဖျက် မီဒီယာများက ပြည်သူများကြောက်ရွံ့ထိတ်လန့်စေရန် လုပ်ကြံသတင်းမျိုးစုံကို ဖြန့်ဝေခြင်း၊ သတင်းတု၊ သတင်းအမှားများဖြင့် မဟုတ်မမှန်စွပ်စွဲပြီး အောက်တန်းကျစွာဖြင့် လှုံ့ဆော်ဝါဒ ဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်