Skip to main content

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းအဖွဲ့များ၏ အဓမ္မဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ လွှဲပြောင်းပေးအပ်

နေပြည်တော် မေ ၂၈

MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များသည် ဒေသခံတိုင်းရင်းသားလူငယ်များကို အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်ကာ အကြမ်းဖက်သင်တန်းများ တက်ရောက်စေပြီး အဓမ္မတာဝန်ထမ်းဆောင်စေခြင်းကြောင့် သောင်းကျန်းသူအဖွဲ့များတွင် တာဝန်ထမ်းဆောင်လိုခြင်းမရှိသော တိုင်းရင်းသားလူငယ်များ ထွက်ပြေးတိမ်းရှောင်လျက်ရှိပြီး နီးစပ်ရာ တပ်မတော်လုံခြုံရေးတပ်စခန်းများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများထံသို့ ပြန်လည်ဝင်ရောက်လျက်ရှိသည်။

ထိုသို့ MNDAA နှင့် TNLA အကြမ်းဖက်သောင်းကျန်းသူအဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီး အကြမ်းဖက်သင်တန်း တက်ရောက်လိုခြင်းမရှိသဖြင့် ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအား ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်လွှဲပြောင်းပေးအပ်ခြင်းကို ယနေ့မွန်းလွဲပိုင်းတွင် အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ တိုင်းခန်းမ၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်စိုးတင့်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိ၊ မြို့ဖများ၊ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များနှင့် မိဘအုပ်ထိန်းသူများ တက်ရောက်ကြသည်။

ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားသည်။ ထို့နောက် တာဝန်ရှိသူများက ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတိုင်းရင်းသားလူငယ်များအတွက် ထောက်ပံ့ချီးမြှင့်ငွေများနှင့် စားသောက်ဖွယ်ရာများပေးအပ်ရာ တိုင်းရင်းသားလူငယ်များက  လက်ခံရယူကြသည်။ ယင်းနောက် ၎င်းတို့၏ မိဘအုပ်ထိန်းသူများထံ ပြန်လည်အပ်နှံပေးခဲ့ရာ မိဘအုပ်ထိန်းသူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။ ထို့နောက် တိုင်းမှူးနှင့် တာဝန်ရှိသူများက ဒေသခံတိုင်းရင်းသား လူငယ်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေး စကားပြောကြားခဲ့ကြောင်း သတင်းရရှိသည်။