နေပြည်တော် မေ ၁၇
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ရုံးအမှတ်(၂၁) နေပြည်တော်၌ မေ ၁၆ ရက်မှ ၁၇ ရက်အထိ ကျင်းပသည့် မြန်မာ - အိန္ဒိယ သိပ္ပံနှင့်နည်းပညာ ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ပူးတွဲလုပ်ငန်းအဖွဲ့အစည်းအဝေးသို့ တက်ရောက်ကြသည့် အိန္ဒိယပညာရှင်များသည် ယနေ့မွန်းလွဲပိုင်းတွင် နေပြည်တော် မာရဝိဇယဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးသို့ သွားရောက်ဖူးမြော်ကြည်ညိုလေ့လာကြသည်။
ပါဝင်လေ့လာ
အဆိုပါအဖွဲ့တွင် အိန္ဒိယသမ္မတနိုင်ငံ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ ညွှန်ကြားရေးမှူးချုပ် Dr. Praveen Kumar Somasundaram ဦးဆောင်၍ အိန္ဒိယသမ္မတနိုင်ငံကိုယ်စားလှယ်၊ ရန်ကုန်မြို့ရှိ အိန္ဒိယသံရုံးကိုယ်စားလှယ်နှင့် နေပြည်တော်ရှိ အိန္ဒိယဆက်ဆံရေးရုံးကိုယ်စားလှယ်တို့ ပါဝင်လေ့လာကြကြောင်း သိရသည်။
သတင်းစဉ်