နေပြည်တော် စက်တင်ဘာ ၇
၁၉၇၃ ခုနှစ် ဇူလိုင်လမှ စတင်ထုတ်ဝေခဲ့ပြီး နှစ်ပေါင်း ၄၀ ကျော် စာချစ်သူများ လက်ခံအားပေးလာခဲ့သော သုတပဒေသာစာစောင်ကို မျက်နှာဖုံးဒီဇိုင်း၊ အကြောင်းအရာနှင့် စာအုပ်အပြင်အဆင်တို့ အပြောင်းအလဲများပြုလုပ်ပြီး အသက် ၁၈ နှစ်မှ ၂၅ နှစ်အတွင်းရှိ လူငယ်များကို ဦးတည်ပရိသတ်အဖြစ်ထားကာ လစဉ်ထုတ်ဝေလျက်ရှိသည်။ နိုင်ငံတကာထုတ် စာအုပ်စာစောင်များမှ ကောင်းနိုးရာ ခေတ်မီအကြောင်းအရာများနှင့် ယခုလအတွက် အထူးပြုရေးသားသည့် “ဩဂဲနစ်အစားအစာနှင့် ကျန်းမာရေး” မျက်နှာဖုံးဆောင်းပါးကြီးများ ပါဝင်သော သုတပဒေသာစာစောင် (စက်တင်ဘာလ)ကို ပုံနှိပ်ရေးနှင့် ထုတ်ဝေ ရေးဦးစီးဌာန စာပေဗိမာန်က ဖြန့်ချိလိုက်ပြီဖြစ်သည်။
၂၀၂၀ ပြည့်နှစ်၊ စက်တင်ဘာလထုတ် သုတပဒေသာစာစောင်တွင် ဆရာ ဒေါက်တာ ခင်မောင်ညို၊ နေမျိုးနိုင်၊ တိမ်လှိုင်း၊ အိမွန်သုန်(မန်းတက္ကသိုလ်)၊ အမရာလင်း တို့၏ “ဩဂဲနစ်အစားအစာနှင့် ကျန်းမာရေး” မျက်နှာဖုံးဆောင်းပါး များ၊ ထင်ဇော်မှူးသင်၊ မောင်ပေါ်ထွန်း၊ မောင်မောင်မြင့်သိန်း (စက်မှုတက္ကသိုလ်)၊ ကြည်မင်းတို့၏ အတွေးအခေါ်နှင့် တက်ကျမ်းဆိုင်ရာဆောင်းပါးများ၊ ခင်မောင် ခြိမ့်၊ လင်းလက်သော်တာ၊ စိုးနိုင်(ကနီ) တို့၏ နိုင်ငံတကာဆိုင်ရာဆောင်းပါးများ၊ ရှင်စောဖြူ၊ ရဲရင့်နဒီတို့၏ လူကုန်ကူးမှုနှင့် ကလေးအလုပ်သမားဆိုင်ရာ ဆောင်းပါးများ၊ လဲ့လဲ့ဝင်း (သတ္တဗေဒ)၊ မြသိန်း၊ စည်သူလှိုင်တို့၏ သဘာဝပတ်ဝန်းကျင် ရှုထောင့်ဆိုင်ရာဆောင်းပါးများ၊ ရဲထက်ဇော်၊ ချိုးငှက် (သံတွဲ)၊ ထီလာစိုးမြင့်ထယ်တို့၏ သိပ္ပံနှင့် နည်းပညာဆိုင်ရာဆောင်းပါးများ၊ ဒေါက်တာမြင့်သန်းထွန်း (ပြည်သူ့ကျန်းမာရေး)၊ ဒေါက်တာမြင့်သန်း(သန္ဓေသား)၊ ဝင်းထွဋ်ဦး၊ မြတ်လေးမြင့်တို့၏ ကျန်းမာရေးဆိုင်ရာ ဆောင်းပါးများ၊ ဖိုးရန်နိုင်(ကျောက်ကြီး)၊ ဦးဘသန်း(မဟာဝိဇ္ဇာ)၊ အေးဖြူ၊ စိုးစိုး (ပန်းတောင်း)၊ ပါမောက္ခ ဦးသိန်းလှိုင်၊ စိန်ဝင်းနွယ်၊ ဆောင်းဝင်းလတ်တို့၏ ကဗျာ၊ ဝတ္ထုတို၊ ဖြစ်ရပ်မှန်နှင့် အထွေထွေကဏ္ဍများကို ရောင်စုံ၊ ဖြူ/မည်း သရုပ်ဖော်ပုံ ဝေဝေဆာဆာဖြင့် စီစဉ်တင်ဆက်ထားသည်။
အဆိုပါ သုတပဒေသာစာစောင်ကို တစ်အုပ်လျှင် ကျပ် ၂၅၀၀ နှုန်းဖြင့် စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ်(တ-၅၅)၊ သပြေကုန်းဈေး နေပြည်တော် ဖုန်း ၀၆၇-၃၄၁၄၆၈၁၊ စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ စာပေဗိမာန် စာအုပ်အရောင်းဆိုင် ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား၊ မန္တလေးဖုန်း ၀၂-၄၀၃၀၁၈၆၊ ရန်ကုန်မြို့ရှိ စာအုပ်ဆိုင်ကြီးများ၊ မန္တလေးမြို့ရှိ ထွန်းဦးစာပေ၊ နဂါးစာပေနှင့် မြို့အသီးသီးရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံ ဝယ်ယူရရှိနိုင်ပြီး လက်ကားမှာယူလိုပါက စာပေဗိမာန်စာအုပ်အရောင်းဆိုင် အမှတ် (၅၂၉-၅၃၁)၊ ကုန်သည်လမ်း၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၄၉၀၃၁၊ ၀၁-၃၈၁၄၄၈ တို့သို့ ဆက်သွယ်မှာယူနိုင်ကြောင်း သိရသည်။
သတင်းစဉ်