လွိုင်လင် စက်တင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့နယ်နှင့် ဟိုပုံးမြို့နယ်ရှိ ကော်ဖီစိုက်အသင်းသား တောင်သူများမှ စိုက်ပျိုးထွက်ရှိလာသည့် အရည်အသွေး ကောင်းမွန်သော ကော်ဖီစေ့များကို Green Gold ကော်ဖီစိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းက တောင်ကြီး မြို့ TBC စီးပွားရေးဇုန် သမဝါယမအသင်းဂိုဒေါင်တွင် ကိုယ်တိုင်ကြိတ်ခွဲထုတ်လုပ်ခြင်းနှင့် အရည်အသွေးဆန်းစစ်ခြင်းများ ပြုလုပ်၍ ပြည်ပနိုင်ငံများသို့ ချိတ်ဆက်ပို့ဆောင်ဖြန့်ဖြူးရန် ဆောင်ရွက်လျက်ရှိရာ ပထမအကြိမ် ပြင်သစ်နိုင်ငံသို့ ကော်ဖီတန်ချိန် ၁၉ ဒသမ ၂ တန်ကို စက်တင်ဘာ ၇ ရက်က တင်ပို့ခဲ့ကြောင်း သိရသည်။
သတင်းစဉ်