ပဲခူး ဧပြီ ၃၀
နိုင်ငံစီးပွားရေး အထောက်အကူပြု အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး (MSMEs)လုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ အထိမ်းအမှတ် MSMEs ဒေသထုတ်ကုန် ပြပွဲကို ပဲခူးတိုင်းဒေသကြီး ပဲခူးမြို့ (၃၃)လမ်း၌ ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ ပဲခူးတိုင်းဒေသကြီးအတွင်းရှိ ခရိုင်ခြောက်ခရိုင်မှ ဒေသထွက်အစားအစာနှင့် ဒေသထုတ်ကုန်အရောင်းပြခန်း ၁၁၀ ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပလျက်ရှိရာ အဆိုပါ MSMEs ဒေသထုတ်ကုန်ပြပွဲသို့ လာရောက်ခင်းကျင်းပြသသည့် လုပ်ငန်းရှင်များနှင့် တွေ့ဆုံမေးမြန်းမှုမှ ရင်တွင်းစကားသံများကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
ဦးဝင်းဗိုလ် (ပွဲကြီးကြပ်)
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ တိုင်းဒေသကြီး ဦးစီးမှူးရုံး ဒုတိယတိုင်းဒေသကြီးမှူး တာဝန်ထမ်းဆောင်နေတဲ့ လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းဗိုလ် ဖြစ်ပါတယ်။ MSMEs စျေးရောင်းပွဲတော်ကတော့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ရဲ့ ဦးဆောင်မှုဖြင့် ပဲခူးတိုင်းဒေသကြီးအတွင်းရှိ အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေး MSMEs စီးပွား ရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂၀၂၄ ခုနှစ် မေလ ၁ ရက်နေ့တွင် ကျရောက်သည့် ကမ္ဘာ့အလုပ်သမားနေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျင်းပတဲ့ပွဲဖြစ်ပါတယ်။ ဒီပွဲမှာ ပဲခူးတိုင်းဒေသကြီးအတွင်းမှ MSMEs ဒေသထုတ်ကုန်အရောင်းပြခန်း ၁၁၀ ဖြင့် ဧပြီ ၃၀ ရက်မှ မေ ၂ ရက်အထိ ခင်းကျင်းပြသသွားမှာ ဖြစ်ပါတယ်။
ဦးဖြိုးသူကျော် (နဒီစိုး ပဲခူးဆားထုတ်လုပ်ငန်း)
ဦးဖြိုးသူကျော်ပါ။ “နဒီစိုး” ပဲခူးဆား ထုတ်လုပ်ငန်းတာဝန်ခံ ကိုယ်စားလှယ်ဖြစ်ပါတယ်။ ပဲခူးခရိုင် ကဝမြို့နယ် ပေါက်ကန်ကျေးရွာက လာရောက်ရောင်းချတာဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန်ရောင်းချတဲ့ပွဲမှာ လာရောက်ရောင်းချတာ ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ “နဒီစိုး” ပဲခူးဆားလုပ်ငန်းဟာ အခုပြပွဲမှာ လာရောက်ရောင်းချခြင်းအားဖြင့် ပိုပြီးလူသိများလာသလို ဈေးကွက်လည်း ရရှိလာပါတယ်။ အခုလိုဒေသထုတ်ကုန်ပြပွဲတွေကို ပြသနိုင်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူတွေကိုလည်း ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
ဦးရာဇာလင်း (တော်ဝင်ဟင်္သာ စပါးခွံလောင်စာတောင့်လုပ်ငန်း)
တော်ဝင်ဟင်္သာ စပါးခွံလောင်စာ တောင့်လုပ်ငန်းလုပ်ငန်းရှင် ဦးရာဇာလင်းဖြစ်ပါတယ်။ ပဲခူးခရိုင် သနပ်ပင်မြို့နယ်ကနေ လာရောက်ခင်းကျင်းပြသရောင်းချ ပေးတာဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန် ရောင်းချပွဲအနေနဲ့ လာရောက်ခင်းကျင်း ပြသရောင်းချတာ နှစ်ကြိမ်ရှိပါပြီ။ အရင်တုန်းက ဒီကုန်ပစ္စည်းကို ထိုးဖောက်ရောင်းချခဲ့တာ အခုဆိုရင် ရောင်းအား ယခင်ထက် ပိုပြီးတော့ သွက်လာပါတယ်။ အခုဆိုရင် ရန်ကုန်ဘက်ကိုလည်း တင်ပို့နိုင်တဲ့အထိ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်လာပါတယ်။ အခြားမြို့နယ်တွေကလည်း ဒီကုန်စည်ကို လာရောက်မှာယူတဲ့အထိ ရောင်းအားပိုသွက်လာပါတယ်။ ဒါကြောင့် အခုလိုပွဲတွေဖြစ်အောင် စီစဉ်ပေးတဲ့ တာဝန်ရှိသူတွေကို ကျေးဇူးတင်ပါတယ်လို့ ပြောကြားချင်ပါတယ်။
ဒေါ်ကြည်မြင့် (ကျောက်တံခါး ရက်ကန်းလုပ်ငန်း)
ကျောက်တံခါးမြို့က လာရောက်ရောင်းချတာဖြစ်ပါတယ်။ ကချင်ကွက်ကို ရက်လုပ်တာဖြစ်ပြီး နှစ်ပေါင်း ၂၀ ကျော်ရှိပါပြီ။ အခုလို MSMEs ပွဲအနေနဲ့ လာရောက်ရောင်းချတာ ခြောက်ကြိမ်ရှိပြီ ဖြစ်ပါတယ်။ ကချင်ကွက်၊ ယောဂီ၊ ကျောင်းစိမ်းအထည်တွေ ရက်လုပ်ပါတယ်။ ရန်ကုန်၊ မန္တလေး၊ ပဲခူးတို့ကို ဖြန့်ချိပါတယ်။ အွန်လိုင်းကနေမှာတာတွေလည်း ရှိပါတယ်။ ရောင်းအားလည်း ကောင်းပါတယ်။
ဒေါ်မာမာ (ထက်ရတနာ - ဝါး၊ ကြိမ်၊ ခမောက်အမျိုးမျိုးရောင်းဝယ်ရေး)
ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ကမာဖရုံကျေးရွာကနေ လာရောက်ရောင်းချတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို လုပ်ကိုင်တာ ၁၀ နှစ်ကျော်ရှိပြီး အခုလို MSMEs ပွဲတွေမှာ လာရောက်ရောင်းချတာ ခုနစ်ကြိမ်ရှိပြီဖြစ်ပါတယ်။ ကျွန်မတို့ရဲ့ဝါး၊ ကြိမ်၊ ခမောက်လုပ်ငန်းဟာ နွေဆောင်း၊ မိုးဆောင်းအတွက် ဆောင်ရွက်ပေးထားတာဖြစ်လို့ အခုလို ပူပြင်းတဲ့အချိန်မှာ သုံးစွဲ သူတွေအတွက် အဆင်ပြေပါတယ်။အခုလို MSMEs ပွဲတွေမှာ ရောင်းချခြင်းဖြင့် ဈေးကွက်တွေ ပိုမိုကျယ်ပြန့်လာသလို ရောင်းအားလည်း ပိုပြီးကောင်းလာပါတယ်။
ဦးကျော်စွာထွန်း (ဂြိုဟ်တု-ကွာစိလုပ်ငန်း)
ဒိုက်ဦးမြို့နယ်ကနေ ကိုယ်စားလှယ်အနေနဲ့ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။ အခုလို MSMEs ပွဲတွေမှာ လိုက်လံရောင်းချတာ ငါးကြိမ်ရှိပါပြီ။ ကျွန်တော်တို့ ရဲ့ “ဂြိုဟ်တု” ကွာစိဟာ သန့်ရှင်းတယ်၊ လတ်ဆတ်တယ်၊ မွှေးတယ်၊ လူမျိုးဘာသာမရွေး စိတ်ချယုံကြည်စွာနဲ့ စားသုံးနိုင်ပါတယ်။
ဒေါ်ကေသီမိုး (LINN Coffee)
တောင်ငူကနေ လာရောက်ရောင်းချတဲ့ LINN Coffee လုပ်ငန်းရှင်ဖြစ်ပါတယ်။ အခုလို MSMEs ပွဲမှာ လာရောက်ရောင်းချတာ လူသိများအောင်လို့ ဖြစ်ပါတယ်။ လူသိများပြီးတော့ လူတိုင်းက ကြိုက်ကြတယ်။ အရောင်းပိုမိုသွက်လာပါတယ်။ MSMEs ပွဲအနေနဲ့ လာရောက်ရောင်းချတာ နှစ်ကြိမ်ရှိပြီဖြစ်ပါတယ်။ လုပ်ငန်းရှင်အနေနဲ့ အကျိုးကျေးဇူးပိုရသလို နာမည်လည်း ရလာပါတယ်။
ဦးအောင်ကျော်မြင့် (မြတ် ပုစွန်ခြောက်၊ ငံပြာရည်ကြော်လုပ်ငန်း)
တောင်ငူခရိုင် ထန်းတပင်မြို့နယ်ကနေ အခု MSMEs ပွဲမှာ လာရောက် ရောင်းချတာဖြစ်ပါတယ်။ ဒီလုပ်ငန်းကို ဈေးကွက်လိုအပ်ချက်အရ အခု ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်းမှာ စတင်လုပ်ကိုင်ခဲ့တာ ဖြစ်ပါတယ်။ အခုလို MSMEs ပွဲမှာ လာရောက်ရောင်းချတာဆိုရင် ပထမဆုံးအကြိမ် ဖြစ်ပါတယ်။ ကျွန်တော်တို့ လုပ်ငန်းဟာ လုပ်ငန်းစတင်တာ မကြာသေးတဲ့အတွက် အခုလို MSMEs ဒေသထုတ် ကုန်ပြပွဲတွေမှာ လာရောက်ရောင်းချခြင်းဖြင့် ကျွန်တော်တို့ ပုစွန်ခြောက်၊ ငံပြာရည် ကြော်လုပ်ငန်းကို ပြည်သူတွေကလည်းသိမယ်၊ ဈေးကွက်ထဲမှာ ပိုပြီးတော့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ ကိုယ်ပိုင်မိသားစုလုပ်ငန်းဖြစ်တဲ့အတွက် သန့်ရှင်းတယ်၊ သဘာဝပစ္စည်းတွေကို အသုံးပြုထားတဲ့အတွက် စားသုံးသူတွေ စိတ်ချလက်ချသုံးနိုင်တယ်၊ ဘေးအန္တရာယ်မဖြစ်ဘူးလို့ ပြောချင်ပါတယ်။
ဦးဇင်မြတ်သွေး (အက်ရှင်၊ ငှက်သိုက်မုန့်နှင့် မုန့်မျိုးစုံလုပ်ငန်း)
ပြည်မြို့က လာရောက်ရောင်းချတာပါ။ အခုလို MSMEs ဒေသထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ နှစ်ကြိမ်ရှိပါပြီ။ အခုလို MSMEs ပွဲတွေမှာ လိုက်လံရောင်းချတဲ့အတွက် ဈေးကွက်တစ်ခုအနေနဲ့ ရရှိလာတာမို့ စီစဉ်ပေးတဲ့သူနဲ့ တာဝန်ရှိသူတွေအားလုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်။
မဇင်မာ (သစ်ရိပ်သာ - ဒိန်ချဉ်၊ နို့နှင့် နို့ထွက်ပစ္စည်းထုတ်လုပ်ဖြန့်ချိရေး)
ပြည်မြို့ကနေ ပဲခူးတိုင်းကိုယ်စားလှယ်အနေနဲ့ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။ အခုလုပ်ငန်းကို လုပ်ကိုင်ခဲ့တာ နှစ်ပေါင်း ၂၇ နှစ်ရှိပြီဖြစ်ပါတယ်။ အခုလို MSMEs ဒေသထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချခြင်းဖြင့် ကျွန်မတို့လုပ်ငန်းကို လူသိများလာတယ်။ ဈေးကွက်စီးပွားရေးအရလည်း ပိုမိုထိုးဖောက်နိုင်တဲ့အတွက် အလွန်ကိုဝမ်းသာပါတယ်။ ကျေးဇူးလည်းတင်ပါတယ်။
ဒေါ်စမ်းဖြူကျော့ (ထိပ်ထားစံ မြန်မာ့ရိုးရာရက်ကန်း ချည်ထည်နှင့် ချည်ရောင်းဝယ်ရေး)
ကျွန်မက “ထိပ်ထားစံ” မြန်မာ့ရိုးရာရက်ကန်းချည်ထည် လုပ်ငန်းရှင် ဒေါ်စမ်းဖြူကျော့ဖြစ်ပါတယ်။ ပြည်ခရိုင် ပေါင်းတည်မြို့ကနေ လာရောက်ရောင်းချတာ ဖြစ်ပါတယ်။ အခုလို MSMEs ဒေသ ထုတ်ကုန်ပြပွဲမှာ လာရောက်ရောင်းချတာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ ကျွန်မတို့ ပစ္စည်းနဲ့ပတ်သက်ပြီးတော့ ချည်ထည်လေးတွေဖြစ်တဲ့အတွက် ဘယ်ရာသီမှာပဲ ဝတ်ဝတ်အဆင်ပြေပါတယ်။ အမျိုးသမီးတွေအတွက် ကြီးကြီးငယ်ငယ်ရွယ်ရွယ် ဘယ်အရွယ်မဆို ဝတ်နိုင်ပါတယ်။ ဆန်းသစ်ပြီးတော့ ချည်ပိုးလေးတွေနဲ့ ထုတ်တဲ့အတွက် အလှူမင်္ဂလာဆောင် ပွဲထိုင်အတွက်ပါ ဝတ်ဆင်လို့ အဆင်ပြေပါတယ်။ အခုလိုပွဲတွေမှာ လာရောက်ရောင်းချခြင်းဖြင့် ကျွန်မတို့လုပ်ငန်းကို လူသိများလာသလို ဝယ်ယူသူလည်း တိုးပွားလာတဲ့အတွက် အများကြီးဝမ်းသာမိပါတယ်။
ဦးကျော်သက်ဦး {ဦးကင်ဖုန်+ဒေါ်ဖြူ (ဝက်အူချောင်း ခေါက်ဆွဲကြော်- တရုတ်အစားအစာ)}
ကျွန်တော်က တရုတ်အစားအစာ ဝက်အူချောင်းလုပ်ငန်း ကိုယ်စားလှယ် ဦးကျော်သက်ဦး ဖြစ်ပါတယ်။ သာယာဝတီခရိုင် မိုးညိုမြို့နယ်မှ လာရောက်ရောင်းချတာပါ။ ဝက်အူချောင်းလုပ်ငန်း ကို လုပ်ကိုင်လာခဲ့တာ နှစ်ပေါင်း ၄၀ ကျော်ရှိပါပြီ။ အခုလို MSMEs ဒေသ ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ လေးကြိမ်ရှိပါပြီ။ နိုင်ငံတော်မှ ထောက်ပံ့ပေးတဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းပိုမိုတိုးချဲ့ဆောင်ရွက်နိုင်သလို အခုလို MSMEs ထုတ်ကုန်ပြပွဲတွေမှာ ရောင်းချခွင့်ရတဲ့အတွက် ကျွန်တော်တို့ လုပ်ငန်းဟာ ဈေးကွက်ဝင်လာ ပါတယ်။
ဦးကိုမင်း (လင်းတိုင်းပြည့် မြန်မာမှုပန်းပုလုပ်ငန်း)
ကျွန်တော်က ဦးကိုမင်း “လင်းတိုင်းပြည့်” မြန်မာမှုပန်းပုလုပ်ငန်းရှင်ပါ။ သာယာဝတီခရိုင် မင်းလှမြို့နယ်က လာရောက်ခင်းကျင်း ပြသရောင်းချတာ ဖြစ်ပါတယ်။ အခုလို MSMEs ပွဲမှာ လာရောက်ရောင်းချတာ လေးကြိမ်ဖြစ်ပါတယ်။ ကျွန်တော်တို့လုပ်ငန်းဟာ မြန်မာ့ရိုးရာယဉ်ကျေးမှု လုပ်ငန်းဖြစ်တဲ့အတွက် ရိုးရာယဉ်ကျေးမှုတွေ မတိမ်ကောအောင် ခင်းကျင်းပြသပေးတာ ဖြစ်သလိုအခုလို ဒေသထုတ်ကုန်အနေနဲ့ ခင်းကျင်းပြသခွင့် ရရှိတဲ့အတွက် များစွာဂုဏ်ယူဝမ်းသာမိသလို ပွဲဖြစ်မြောက်အောင် စီစဉ်ဆောင်ရွက်ပေးတဲ့ တာဝန်ရှိသူအားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်။
ကိုကျော်သူထိုက် (ယောကျ်ားကြီး-ငါးပိ၊ ငံပြာရည်လုပ်ငန်း)
သာယာဝတီခရိုင် နတ်တလင်းမြို့နယ်က ယောကျ်ားကြီး ငါးပိ၊ ငံပြာရည် လုပ်ငန်းကိုယ်စားလှယ်အနေနဲ့ လာရောက်ရောင်းချတဲ့ ကိုကျော်သူထိုက်ဖြစ်ပါတယ်။ အခုလို MSMEs ဒေသ ထုတ်ကုန်ပြပွဲတွေမှာ လိုက်လံရောင်းချတာ နှစ်ကြိမ်ရှိပါပြီ။ အခုလို MSMEs ထုတ်ကုန်ပြပွဲတွေမှာ ရောင်းချခွင့်ရတဲ့အတွက် ကျွန်တော်တို့ ထုတ်ကုန်ကို လူသိများလာတယ်။ ဈေးကွက်လည်း ကျယ်ကျယ်ပြန့်ပြန့် ချဲ့ထွင်နိုင်ပြီး အစစအရာရာအဆင်ပြေပါတယ်။ ။
တွေ့ဆုံမေးမြန်း - ချစ်ချစ်သန်း(ပြန်/ဆက်)၊ ဓာတ်ပုံ - သူဇာကျော် (ပြန်/ဆက်)