နေပြည်တော် ဧပြီ ၂၇
မကွေးတိုင်းဒေသကြီး အောင်လံမြို့နယ်ရှိ အောင်လံ-ရွှေပန်းတောလမ်းပိုင်းတွင် လုံခြုံရေးဆောင်ရွက်လျက်ရှိသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ဧပြီ ၂၅ ရက်တွင် ခရီးသွားပြည်သူများကို တားဆီးစစ်ဆေးပြီး ပြည်သူ ၆၀ ခန့်ကို ဖမ်းဆီးခဲ့ကြောင်း၊ အဆိုပါဖမ်းဆီးထားရှိသူများကို တစ်ဦးလျှင် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက်ရွေးယူရန်နှင့် လာရောက်မရွေးနိုင်သူများကို စစ်မှုထမ်းဆောင်ရန်အတွက် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းတု၊ သတင်းမှားများကို တရားမဝင် ပြည်ဖျက်မီဒီယာ Khit Thit က မဟုတ်မမှန် လုပ်ကြံရေးသား ဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အဆိုပါဖြစ်စဉ်သည် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဂုဏ်သိက္ခာကျဆင်းစေရန်နှင့် ပြည်သူများ အထင်အမြင် လွဲမှားစေရန်အတွက် လုပ်ကြံရေးသားခြင်းဖြစ် ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက ခရီးသွားပြည်သူများကို ဖမ်းဆီးခဲ့ခြင်းမရှိကြောင်းနှင့် ငွေကျပ်သိန်း ၅၀ ဖြင့် လာရောက်ရွေးယူရသည်မှာလည်း မှန်ကန်မှုမရှိသည့် ဝါဒဖြန့်ဝေမှုသာဖြစ်ကြောင်း လုံခြုံရေး တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။
ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်အာဏာတည်သည့်နေ့မှစပြီး တရားမဝင်ပြည်ဖျက်မီဒီယာများနှင့် ရပ်ရွာအေးချမ်းသာယာရေးကို မလိုလားသူများက ကောလာဟလ သတင်းအမှားများဖြင့် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်စေရန်အတွက် ရည်ရွယ်ချက်ရှိရှိ လှုံ့ဆော်ဝါဒဖြန့်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်