Skip to main content

မှော်ဘီမြို့နယ်၊ မိုင်းဆတ်မြို့နယ်နှင့် အောင်မြေသာစံမြို့နယ်တို့၌ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဆောင်ရွက်

နေပြည်တော် ဧပြီ ၂၇

တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းရှိ သံဃာတော်များ၊ သာသနာ့နွယ်ဝင် သီလရှင်များနှင့် ဒေသခံပြည်သူများအား သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်အသီးသီးမှ နယ်လှည့်ဆေးကုသရေးအဖွဲ့များက လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်လှည့် ဆေးကုသရေးအဖွဲ့က ရန်ကုန်တိုင်းဒေသကြီး မှော်ဘီမြို့နယ် သာယာကုန်းကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာများမှ သံဃာတော် ၆ ပါးနှင့် ဒေသခံပြည်သူ ၁၄၈ ဦးတို့ကို အဆိုပါ ကျေးရွာရှိ ရွှေဟင်္သာရွာဦးကျောင်းတိုက်၌လည်းကောင်း၊ တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံနယ်လှည့်ဆေးကုသရေးအဖွဲ့က ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ် လွယ်ဆောင်ကျေးရွာ အုပ်စုနားလည်ကျေးရွာမှ ဒေသခံ ပြည်သူ ၁၂၆ ဦးတို့ကို အဆိုပါ ကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်း၌လည်းကောင်း၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံနယ်လှည့် ဆေးကုသရေးအဖွဲ့က မန္တလေးတိုင်းဒေသကြီး အောင်မြေသာစံမြို့နယ် မင်းတဲအီကင်းရပ်ကွက်မှ သံဃာတော် ၁၇ ပါး၊ သာသနာ့နွယ်ဝင် သီလရှင် ၂၉ ပါးနှင့် ဒေသခံပြည်သူ ၁၀၅ ဦးတို့ကို အဆိုပါရပ်ကွက်ရှိ ဆင်များရှင်ဘုန်းတော်ကြီး ကျောင်း၌လည်းကောင်း အသီးသီးကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။

ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသရေးအဖွဲ့များက သွားနှင့်ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ ခွဲစိတ်ကုသမှုဆိုင်ရာ ရောဂါ၊ သားဖွားမီးယပ်ရောဂါ၊ အရိုးအကြောရောဂါ၊ ကလေးရောဂါ၊ အစာအိမ်နှင့် အူလမ်းကြောင်းဆိုင်ရာရောဂါ၊ အသဲရောဂါ၊ သွေးတိုးရောဂါ၊ အဆစ်အမျက် ရောင်ရောဂါ၊ ဆီးချိုရောဂါ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ၊ အထွေထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ ECG စက်၊ Ultrasound စက်တို့ဖြင့် ရောဂါရှာဖွေစစ်ဆေးပေးခြင်း၊ သွေးဖောက်၍ ဆီးချို/သွေးချိုရောဂါ စစ်ဆေးပေးခြင်းနှင့် သွေးအုပ်စုများစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ဆေးရုံတက်ရောက်ကုသရန် လိုအပ်သော လူနာများအား နယ်မြေခံတပ်မတော်ဆေးရုံများသို့ တက်ရောက် ကုသနိုင်ရေးစီစဉ်ဆောင်ရွက်ပေးသည်။

ယင်းသို့ ဆောင်ရွက်ပေးနေမှုများကို သက်ဆိုင်ရာ နယ်မြေခံတပ်နယ်များမှ တာဝန်ရှိသူများက သွားရောက်ကြည့်ရှု အားပေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်