Skip to main content

ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက်ချမှတ်ပြီး တရားမအထူးအယူခံမှု (၇) မှုတို့ကို ရုံးထိုင်ကြားနာ

နေပြည်တော် ဧပြီ ၂၂

ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးနှင့် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီးများဖြစ်ကြသော ဦးခင်မောင်ကြီး၊ ဦးတင်ဟုန်၊ ဦးသောင်းနိုင်၊ ဒေါ်ပြုံးပြုံးအေးတို့ပါဝင်သည့် အထူးအယူခံခုံရုံးသည် ယနေ့နံနက် ၉ နာရီခွဲတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် ရုံးခန်းအမှတ် (၁) ၌ ရုံးထိုင်၍ ရာဇဝတ်အထူးအယူခံမှုအမှတ် ၉/၂၀၂၃ (စစ်ကိုင်း)၊ ၁၀/၂၀၂၃ (စစ်ကိုင်း)နှင့် ၁၂/၂၀၂၃ (ကချင်)၊ တရားမအထူးအယူခံမှု အမှတ် ၃၂/၂၀၂၃ (ကရင်)၊ ၄၄/၂၀၂၃ (ရှမ်း)၊ ၁/၂၀၂၄ (မန္တလေး)၊ ၁၉/၂၀၂၂(ဧရာဝတီ)၊ ၅၂/ ၂၀၂၃ (ကချင်)၊ ၃/၂၀၂၄ (မန္တလေး) နှင့် ၄/၂၀၂၄ (မန္တလေး)၊ စုစုပေါင်း ရာဇဝတ်အထူးအယူခံမှု (၃) မှုနှင့် တရားမအထူးအယူခံမှု (၇) မှုတို့ကို စီရင်ချက် ချမှတ်သည်။

ထို့ပြင် တရားမအထူးအယူခံမှုအမှတ် ၄၅/၂၀၂၃ (ရန်ကုန်)၊ ၄၆/၂၀၂၃ (မန္တလေး)၊ ၄၇/ ၂၀၂၃ (မန္တလေး)၊ ၄၈/၂၀၂၃ (မန္တလေး)၊ ၄၉/၂၀၂၃ (ရှမ်း)၊ ၇/၂၀၂၄ (ရန်ကုန်) နှင့် ၁၀/၂၀၂၄ (ဧရာဝတီ)၊ စုစုပေါင်းတရားမအထူးအယူခံမှု (၇) မှုတို့ကို ရုံးထိုင်ကြားနာခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်