Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မြန်မာ့ရိုးရာအတာသင်္ကြန် ရေကစားပွဲနှင့် ယိမ်းအကဖျော်ဖြေပွဲ အခမ်းအနားကျင်းပ

နေပြည်တော် ဧပြီ ၁၂

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ပထမအကြိမ် မြန်မာ့ရိုးရာအတာသင်္ကြန်ရေကစားပွဲနှင့် ယိမ်းအကဖျော်ဖြေပွဲအခမ်းအနားကို ယနေ့မွန်းလွဲ ၂ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး တိုးချဲ့ရုံးသစ်ရှေ့ ရေကစားမဏ္ဍပ်၌ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးကိုကိုနှင့်ဇနီး၊ ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းနှင့် ဇနီး၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဇနီးများ၊ ကော်မရှင်ရုံး အရာထမ်း၊ အမှုထမ်းများနှင့် မိသားစုဝင်များ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက အတာသင်္ကြန်အကြို နှုတ်ခွန်းဆက်စကားပြောကြားပြီး ယိမ်းအဖွဲ့များက မြူမှောင်ဝေကင်း သီချင်းဖြင့်စုပေါင်းကပြဖျော်ဖြေရာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယိမ်းအဖွဲ့များကို အတာသင်္ကြန်ရေဖြင့်ပက်ဖျန်းပြီး ရေကစားပွဲကို ဖွင့်လှစ်ပေးသည်။

အတာသင်္ကြန်ရေကစားပွဲတွင် အနုပညာဦးစီးဌာနမှ ယိမ်းအဖွဲ့များနှင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ ဝန်ထမ်းယိမ်းအဖွဲ့များက သင်္ကြန်ယိမ်းအဆိုအကများဖြင့် ဖျော်ဖြေကြပြီးဌာနများမှ စတုဒိသာမုန့်များ ကျွေးမွေးကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ယိမ်းအဖွဲ့များနှင့် သီဆိုဖျော်ဖြေသူများအား ဂုဏ်ပြုချီးမြှင့်ငွေများပေးအပ်ပြီး ပျော်ရွှင်စွာရေကစားခဲ့ကြသည်။

သတင်းစဉ်