နေပြည်တော် ဧပြီ ၁၁
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံသည် ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်လမ်းလျှောက်သင်္ကြန်၌ ဝန်ကြီးဌာနမှပါဝင်ဆင်နွှဲရန် ကြိုတင်ပြင်ဆင်ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးသည်။
ကြည့်ရှုစစ်ဆေး
နေပြည်တော် လမ်းလျှောက်သင်္ကြန်တွင် ဝန်ကြီးဌာနမှဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ရေကစားနိုင်ရန်မဏ္ဍပ်တည်ဆောက်နေမှု၊ စတုဒိသာကျွေးမွေးနိုင်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှုများ၊ ရေပက်လောင်းရန်ပြင်ဆင်ထားမှု၊ ရေပြတ်လပ်မှုမရှိစေရေး စီမံဆောင်ရွက်ထားရှိမှု၊ ယိမ်းအဖွဲ့ကပြဖျော်ဖြေရန်စီစဉ်ထားရှိမှု၊ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ဖွဲ့စည်းထားရှိမှုနှင့် သင်္ကြန်ပွဲတော်သို့ လာရောက်သူများအတွက် ကျန်းမာရေးဆိုင်ရာ စောင့်ရှောက်မှုများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ပေးနိုင်ရန် စီမံထားရှိမှုတို့ကို ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်