နေပြည်တော် ဧပြီ ၁၀
နေပြည်တော်က ဝန်ထမ်းတွေအရေးပေါ် အထုပ်အပိုးတွေပြင်ထားခေါင်းစဉ်ဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြား(MRTV) အရာရှိတစ်ဦးကပြောကြောင်း အရာရှိအမည်မဖော်ပြဘဲ The Nation Voice မီဒီယာဆိုသူက သတင်းလွှင့်တင်ဖော်ပြထားမှုအပေါ် ဌာနမှအရာရှိများအားလုံးအနေဖြင့် မည်သည့်မီဒီယာနှင့်မျှ ယင်းကဲ့သို့ ပြောကြားထားခြင်းမရှိကြောင်း၊ အလားတူ ၎င်းသတင်းပါ အကြောင်းအရာအား ညွှန်ကြားရေးမှူးချုပ်ထံသို့လည်း မည်သူကမျှ ဖုန်း/ မက်ဆေ့ချ် ပြောကြား/ ပေးပို့ထားခြင်းမရှိကြောင်း စိစစ်သိရှိရသဖြင့် ၎င်းမှာ သတင်းတု/ သတင်းမှား ဖြန့်ဝေခြင်းသာဖြစ်ကြောင်း စိစစ်သိရသည်။
ထို့ကြောင့် မသမာသူများက နေပြည်တော်တွင် မြန်မာရိုးရာမဟာသင်္ကြန်ကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်နေချိန်တွင် တည်ငြိမ်အေးချမ်းမှုပျက်ပြားစေရန်နှင့် အများပြည်သူပျော်ရွှင်မှုကို မလိုလားမရှုဆိတ်တို့ဖြင့် သတင်းတု/ သတင်းမှား လုပ်ကြံထုတ်ပြန်ခြင်းသာဖြစ်ကြောင်း သိရသည်။
သတင်းစဉ်