Skip to main content

ပို့ကုန်တိုးမြှင့်ရေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ ၁၀

နိုင်ငံတော်အနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပို့ကုန်မြှင့်တင်ရေး လုပ်ငန်းများကို အလေးပေးဆောင်ရွက်လျက်ရှိရာ အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုအနေဖြင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းစီစဉ်၍ ယနေ့တွင် အပြည်ပြည်ဆိုင်ရာ ဆိပ်ကမ်းများဖြစ်သော ဆူးလေဆိပ်ကမ်း၊ ယခင်ဗိုလ်အောင်ကျော်ဆိပ်ကမ်း (The Myanmar Terminal - TMT)၊ မြန်မာစက်မှုဆိပ်ကမ်း- ၂ (MIP2)၊ မင်းထက်မင်း (MHM) ဆိပ်ကမ်းနှင့် အလုံအပြည်ပြည် ဆိုင်ရာဆိပ်ကမ်း-၃ (AIPT3) တို့မှ သင်္ဘောငါးစင်းဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၇၄၅၀၀ ကို တင်ပို့ခဲ့သည်။

အလားတူ အေးရှားဝေါလ်ဆိပ်ကမ်းမှ ယနေ့တွင် ရေထွက်ကုန်ပစ္စည်းများ၊ ဆန်၊ ပဲ၊ ချုပ်ပြီး အဝတ်အထည်၊ သစ်တောထွက်ပစ္စည်း၊ သကြား၊ နှမ်း၊ ပြောင်း၊ ရော်ဘာနှင့် အထွေထွေကုန်ပစ္စည်းများကို တင်ပို့သွားမည်ဖြစ်သည်။

ထို့ပြင် ဧပြီ ၁၃ ရက်က မင်းထက်မင်းဆိပ်ကမ်း (MHM) မှ သင်္ဘောနှစ်စင်းဖြင့် ပြောင်းဖူးစေ့ တန်ချိန် ၅၄၀၀ နှင့် ဧပြီ ၁၅ ရက် တွင်လည်း Yangon Interna-tional Gateway Terminal - YIGT ဆိပ်ကမ်းမှ ပြောင်းဖူးစေ့ တန်ချိန် ၁၄၅၀၀ တို့ကို ဆက်လက်တင်ပို့သွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်