Skip to main content

ညောင်ရွှေမြို့နယ် သမဝါယမအသင်းစုသို့ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှု

တောင်ကြီး ဧပြီ ၇

ရှမ်းပြည်နယ် (တောင်ပိုင်း) ညောင်ရွှေမြို့နယ် စိုက်ပျိုးရေးကျေးရွာရှိ မြို့နယ်သမဝါယမအသင်းစုပိုင်ခြံတွင် ဗေဒါသဘာဝမြေဩဇာထုတ်လုပ်နေမှု၊ ဖြန့်ဖြူးရောင်းချမှုနှင့် နွားမွေးမြူထားရှိမှုအခြေအနေများကို ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုသည်။

ထို့သို့ ကွင်းဆင်းကြည့်ရှုရာတွင် ပြည်နယ်သမဝါယမဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်မိုးတင့်က အသင်းအမှု ဆောင်များအား မိုးဦးရာသီတွင် သဘာဝမြေဩဇာများ အရည်အသွေးပြည့်မီစွာ ပိုမိုထုတ်လုပ်နိုင်ရေးနှင့် ဖြန့်ဖြူးရောင်းချနိုင်ရေး၊ နွားမွေးမြူထားရှိမှုနှင့် နွားစာစိုက်ပျိုးထားရှိမှု အခြေအနေများကို စနစ်တကျဆောင်ရွက်ပြီး မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနနှင့် ချိတ်ဆက်၍ အသင်းအကျိုးအမြတ်ရရှိရေး ကြိုးပမ်းဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်