Skip to main content

လဟယ်မြို့နယ်၌ မြေသားလမ်းလေးမိုင် ဖောက်လုပ်ခြင်းလုပ်ငန်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီး

နေပြည်တော် ဧပြီ ၇

နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် ၂၅၉ ဒသမ ၈၀၀ သန်းဖြင့် ဆောင်ရွက်ခဲ့သည့် နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့နယ် ထန်ပါခွေ- တာမောင်- မခွာလယ်လမ်း ၂၄ မိုင်မှ မြေသားလမ်းလေးမိုင်ဖောက်လုပ်ခြင်း လုပ်ငန်းအရည်အသွေးပြည့်မီစွာ ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီးပြီဖြစ်ကြောင်း နာဂဒေသဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးမှ သိရသည်။

အဆိုပါလမ်းကို ၂၀၁၈ ခုနှစ် ပထမခြောက်လပတ် နယ်စပ်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ငွေကျပ် ၁၁၅၅ ဒသမ ၉၅၄ သန်းဖြင့် မြေလမ်း ၁၇ မိုင်၊ Box Culvert ၃၁ စင်း၊ မြေလမ်းပြင်ထိန်း သုံးမိုင်နှင့် ဘေလီတံတား တစ်စင်းတို့ကို ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်