Skip to main content

အသိပေးနှိုးဆော်ချက်

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် တန်ခူးလဆုတ် ၅ ရက်နေ့မှ ၈ ရက်နေ့အထိ (၂၀၂၄ ခုနှစ် ဧပြီလ ၁၃ ရက်နေ့မှ ၁၆ ရက်နေ့အထိ) မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်တွင် ရန်ကုန်မြို့တော်ခန်းမရှေ့ရှိ ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်၌ ရေကစားခြင်း၊ သင်္ကြန်ယိမ်းအကအလှ ဖျော်ဖြေခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်၍ မဟာဗန္ဓုလလမ်းအား ဆူးလေဘုရားလမ်းမှ ပန်းဆိုးတန်းလမ်းအထိ လည်းကောင်း၊ ဆူးလေဘုရားလမ်းအား အနော်ရထာလမ်းမှ ကုန်သည်လမ်းအထိလည်းကောင်း နံနက် ၀၇၀၀ အချိန်မှ ညနေ ၁၈၀၀ အချိန်အထိ ခေတ္တလမ်းပိတ်ထားမည်ဖြစ်ရာ မော်တော်ယာဉ် မောင်းနှင်သူများအနေဖြင့် လမ်းလွှဲများမှ သွားလာမောင်းနှင်ကြပါရန် အသိပေးနှိုးဆော်အပ်ပါသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့