Skip to main content

နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင်နှင့် လယ်ဝေးခရိုင်တို့၌ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားများကျင်းပ

နေပြည်တော် ဧပြီ ၆

ပညာရေးဝန်ကြီးဌာနနှင့် နေပြည်တော်ကောင်စီတို့ ပူးပေါင်းကျင်းပသည့် ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေးအတွက် နေပြည်တော် ပြည်ထောင်စုနယ်မြေ ဥတ္တရခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီတွင် ဥတ္တရသီရိမြို့နယ်ရှိ အမှတ်(၁၂) အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပ သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်နှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က အမှာစကားပြောကြားကြပြီး ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသုံး ပစ္စည်းများကို ပေးအပ်ကာ စေတနာ့ဝန်ထမ်း လုပ်အားပေးနည်းပြ၊ ကြီးကြပ်များနှင့် တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

အလားတူ နေပြည်တော် ပြည်ထောင်စုနယ်မြေ လယ်ဝေးခရိုင် အခြေခံစာတတ်မြောက်ရေးလုပ်ငန်း ဖွင့်ပွဲအခမ်းအနားကို နံနက် ၁၀ နာရီက လယ်ဝေးမြို့နယ် မြို့တော်ခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာမိုးဇော်ထွန်းနှင့် နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးတို့က အမှာစကားပြောကြားကြပြီး ၂၀၂၄ ခုနှစ် ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ အခြေခံစာတတ်မြောက်ရေးလုပ်ငန်း စာသင်ဝိုင်းသုံး ပစ္စည်းများကို ပေးအပ်ကာ စေတနာ့ဝန်ထမ်းလုပ်အားပေး နည်းပြ၊ ကြီးကြပ်များနှင့် တက်ရောက်လာသူများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်သည်။

နေပြည်တော် ပြည်ထောင်စု နယ်မြေအတွင်းတွင် စာသင်သား ပေါင်း ၁၉၅၈ ဦးကို စာသင်ဝိုင်းပေါင်း ၁၃၆ ဝိုင်းစုဖွဲ့၍ စေတနာ့ဝန်ထမ်းလုပ်အားပေး နည်းပြ/ ကြီးကြပ်သူပေါင်း ၁၇၉ ဦးတို့က တစ်ရက်ပျမ်းမျှ သုံးနာရီ၊ နာရီအား ဖြင့် ၁၂၀၊ ရက်အားဖြင့် ၄၀ ကြာ စာတတ်မြောက်ရေး သင်ကြားခြင်းနှင့်အတူ လူမှုဘဝမြင့်မားရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

ယခုဆောင်ရွက်သည့် စာတတ်မြောက်ရေးလုပ်ငန်းတွင် Mobile App; ကို အသုံးပြုပြီး “ဝ၊ ထ၊ က၊ လ၊ သ” အဆင့်မှ “အ” သုံးလုံးကျေအဆင့်အထိ စာသင်သားများကိုယ်တိုင် လေ့လာသင်ယူနိုင်ရေးအတွက် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၏ နည်းပညာပံ့ပိုးမှုဖြင့် ဆောင်ရွက်ခဲ့သည်။ ယင်း Mobile App; အသုံးပြုနည်းကိုလည်း ဗဟိုအဆင့်နည်းပြ သင်တန်းတွင် ထည့်သွင်းပို့ချခဲ့ပြီး စာသင်ဝိုင်းများရှိ စာသင်သားများကိုလည်း Mobile App; အသုံးပြုနည်း သင်ကြားပြသ၍ သင်ယူတတ်မြောက်မှု လွယ်ကူလျင်မြန်စေရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်