နေပြည်တော် ဧပြီ ၆
မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင်လည်း ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ ဆောက်လုပ်ပြင်ဆင်လျက်ရှိသည်။
မြန်မာ့အသံနှင့်ရုပ်မြင်သံကြား အနေဖြင့်လည်း “ခါသင်္ကြန်အဆိုအက” အစီအစဉ်ကို ယခင်နှစ်များနည်းတူ တင်ဆက်နိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေး စီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်းက နေပြည်တော် - တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင် သံကြား Audiotorium ခန်းမ၌ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၊ နေပြည်တော်ကောင်စီ၊ ပြည်ထဲရေးဝန်ကြီးဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ သင်္ကြန်ယိမ်းအဖွဲ့များနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ သင်္ကြန်ယိမ်းအဖွဲ့များသည် သင်္ကြန်တေးသီချင်းများဖြင့် ရိုက်ကူးရေးပြုလုပ်ခဲ့ကြပြီး မြန်မာ့အသံနှင့်ရုပ်မြင်သံကြား စိန်ရတုပြတိုက်သို့လည်း တစ်ဆက်တည်း ဝင်ရောက်ကြည့်ရှု လေ့လာကြသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) မှ သင်္ကြန်ယိမ်းအဖွဲ့များသည် ၎င်းတို့၏ဌာနတွင် သင်္ကြန်တေးသီချင်းနှင့် အကများဖြင့် ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်