နေပြည်တော် ဧပြီ ၆
ရန်ကုန်တိုင်းဒေသကြီး၊ ခရမ်းမြို့နယ်၊ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများတွင် မတ်လမှစပြီး နေအိမ်တိုင်းစစ်မှုထမ်းသွားမည့်သူများအား ထောက်ပံ့ပေးမည်ဆိုသည့် အကြောင်းပြချက်ဖြင့် ငွေကြေးကောက်ခံမှုများကို အလွန်အကျွံ ပြုလုပ်လျှက်ရှိသည်ဟု သတင်းတု၊ သတင်းအမှားများကို ပြည်ဖျက်မီဒီယာ DVB က လူမှုကွန်ရက်စာမျက်နှာများတွင် မဟုတ်မမှန် စွပ်စွဲရေးသားထားပြီး ပြည်သူများအထင်အမြင်လွဲမှားစေရန် ဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။
အထက်ပါသတင်းနှင့်ပတ်သက်၍ ခရမ်းမြို့နယ်ရှိ တာဝန်ရှိသူတစ်ဦး၏ပြောကြားချက်အရ ရပ်ကွက်၊ ကျေးရွာများတွင် စစ်မှုထမ်းဆောင်မည့်သူများအတွက် ငွေကြေးကောက်ခံခိုင်းသည်ဆိုသည့်သတင်းမှာ သတင်းအမှားသာဖြစ်ပြီး မိမိတို့အနေဖြင့် ထိုသို့သော ကောလာဟလသတင်းများမှ ပြည်သူများ အမြင်မှန်သိရှိစေရေး ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ပြည်သူများသို့ အသိပေးချပြရှင်းလင်းခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ပြည်သူ့စစ်မှုထမ်းဥပဒေအာဏာတည်သည့်နေ့မှစ၍ တရားမဝင်ပြည်ဖျက်မီဒီယာများသည် ပြည်သူများစိုးရိမ်ထိတ်လန့်လာစေရန် လုပ်ကြံသတင်းမျိုးစုံဖြင့် ဝါဒဖြန့်ခြင်း၊ သတင်းတု သတင်းမှားများဖြင့် မဟုတ်မမှန်စွပ်စွဲ၍ အောက်တန်းကျစွာဖြင့် လုပ်ကြံဖန်တီးရေးသားခြင်းများ ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း သတင်းရရှိပါသည်။