Skip to main content

မြန်မာ့ရိုးရာ မဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိ

နေပြည်တော် ဧပြီ

မြန်မာသက္ကရာဇ် ၁၃၈၅ ခုနှစ် မြန်မာ့ရိုးရာမဟာသင်္ကြန်ပွဲတော်ကို နိုင်ငံတစ်ဝန်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များလည်း ရေကစားမဏ္ဍပ်များနှင့် ဖျော်ဖြေရေးမဏ္ဍပ်ကြီးများ ဆောက်လုပ်ပြင်ဆင်လျက်ရှိကြသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြားအနေဖြင့်လည်း “ခါသင်္ကြန် အဆိုအက  အစီအစဉ်ကို ယခင်နှစ်များ နည်းတူ တင်ဆက်နိုင်ရေး သင်္ကြန်ယိမ်းအဖွဲ့များဖြင့် ရိုက်ကူးရေးစီစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြား Audiotorium ခန်းမ၌ လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနနှင့် နေပြည်တော်စည်ပင်သာယာရေးကော်မတီတို့မှ သင်္ကြန်ယိမ်းအဖွဲ့များသည် သင်္ကြန်တေးသီချင်းများဖြင့် ရိုက်ကူးရေးပြုလုပ်ခဲ့ကြပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြား စိန်ရတုပြတိုက်သို့လည်း တစ်ဆက်တည်း ဝင်ရောက်လေ့လာကြသည်။

ထို့ပြင် နေပြည်တော်ရှိ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးနှင့် ကျန်းမာရေးဝန်ကြီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနတို့မှ ယိမ်းအဖွဲ့များသည် ၎င်းတို့၏ဌာနများတွင် သင်္ကြန်တေးသီချင်းနှင့် အကများဖြင့် ဇာတ်တိုက်လေ့ကျင့်လျက်ရှိကြသည်။

သတင်းစဉ်