နေပြည်တော် ဧပြီ ၄
ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန၊ စာပေဗိမာန်က ကို(တက္ကသိုလ်)၏ “ဒုတိယကမ္ဘာစစ်အတွင်းက တိုက်ပွဲဝင်လေသူရဲမယ်များ” စာအုပ်ကို ဖြန့်ချိရောင်းချလျက်ရှိသည်။
ကိုယ်တွေ့မေးမြန်းရေးသားထား
ယင်းစာအုပ်သည် ဒုတိယကမ္ဘာစစ်အတွင်းက ဆိုဗီယက်လေသူရဲမယ်တို့ ကိုယ်တွေ့လေကြောင်းတိုက်ပွဲဆင်နွှဲခဲ့ပုံကို စိတ်ကူးမဟုတ်ဘဲ သက်ရှိထင်ရှား ကျန်ရစ်သူများအား ကိုယ်တွေ့မေးမြန်းရေးသားထားသည့် စာအုပ်ဖြစ်သည်။ တက္ကသိုလ်တက်နေဆဲ၊ ဘွဲ့ရပြီးသူအချို့နှင့် အလွှာပေါင်းစုံမှ ဆယ်ကျော်သက်အရွယ်အားလုံးက အမိမြေကို ကယ်တင်ချင်သည့်စိတ်၊ ပြည်သူတို့ကို ဖက်ဆစ်လက်အောက်မှ လွတ်မြောက်စေချင်သည့် စိတ်နှင့်နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်တို့ကြောင့် အမျိုးသားလေသူရဲများနှင့်တန်းတူ လေ့ကျင့်ရ၊ စစ်ဆင်ရပြီး ရန်သူ့တိုက်လေယာဉ်၊ ရန်သူ့လေယာဉ်ပစ်အမြောက် စသည့်အန္တရာယ်များကြားမှ မိန်းမသားတန်မဲ့ ရှေ့တန်းကောင်းကင်ယံသို့ ပျံတက်တိုက်ပွဲဝင်ခဲ့ကြသည့် ပထမဦးဆုံးသော လေကြောင်းတိုက်ပွဲဝင် ဆိုဗီယက်ယူနီယံ၏ သူရဲကောင်းဘွဲ့တံဆိပ်ရရှိသူ အမျိုးသမီးများအကြောင်း ရေးသားထားသည်။
ဒုတိယကမ္ဘာစစ်အတွင်းက အာဂလေသူရဲမယ်ကလေးများ၏ နိုင်ငံနှင့်လူမျိုးအတွက် တာဝန်ထမ်းဆောင်ခဲ့ပုံကို ယနေ့လေသူရဲဟောင်းကြီးများ၏ မျိုးဆက်ဖြစ်သော အမျိုးသမီးလေသူရဲများနှင့် လေကြောင်းပညာကို စိတ်ဝင်စား၍ ပျံသန်းရေးလောကထဲသို့ဝင်ရောက်ရန် တာစူနေကြသည့် ကျောင်းသူလူငယ်များကို ဗဟုသုတပေးစွမ်းနိုင်သော စာအုပ်ကောင်းတစ်အုပ်ဖြစ်ပါသည်။
ဆက်သွယ်ဝယ်ယူနိုင်
အဆိုပါစာအုပ်ကို ရောင်းဈေးကျပ် ၄၀၀၀ ဖြင့် အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈)၊ အမှတ်(တ-၅၅)၊ သပြေကုန်းဈေး နေပြည်တော်ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၆၇-၃၄၁၄၆၈၁)၊ ၈၆ လမ်း၊ ၂၁ လမ်းနှင့် ၂၂ လမ်းကြား မန္တလေးမြို့ရှိ စာပေဗိမာန်စာအုပ်ဆိုင် (ဖုန်း ၀၂-၄၀၃၀၁၈၆) နှင့် အမြို့မြို့ရှိ စာပေဗိမာန် ကိုယ်စားလှယ်များထံတွင် ဆက်သွယ်ဝယ်ယူနိုင်ကြောင်းနှင့် လက်ကားမှာယူလိုပါက အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်းရှိ စာပေဗိမာန် အရောင်းဌာန (ဖုန်း ၀၁-၈၂၄၉၀၃၁၊ ၀၁-၈၃၈၁၄၄၈) သို့ ဆက်သွယ်နိုင်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်