နိုင်ငံတော်အစိုးရက ပြည်သူများ အသိပညာဗဟုသုတတိုးပွားစေရေးနှင့် စာအုပ်စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်စေရန် နိုင်ငံတစ်ဝန်း ဖွင့်လှစ်ထားရှိသည့် စာကြည့်တိုက်များအတွက် ရန်ပုံငွေနှင့် စာအုပ်စာစောင်များ ထောက်ပံ့ကူညီပေးလျက်ရှိသကဲ့သို့ စေတနာရှင်အလှူရှင်များကလည်း ပြည်သူများ အလွယ်တကူ စာပေလေ့လာဖတ်ရှုနိုင်စေရေးနှင့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အလှူငွေနှင့်စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလျက်ရှိပါသည်။
နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ စုပေါင်းပေးအပ်လှူဒါန်းပွဲကို မကြာမီအချိန်အတွင်း နေပြည်တော်၌ ကျင်းပပြုလုပ်ရန် စီစဉ်ဆောင်ရွက်လျက်ရှိပါသည်။
သို့ဖြစ်ပါ၍ နိုင်ငံတစ်ဝန်းရှိ စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်စေရေးနှင့် ပြည်သူများ စာပေဖတ်ရှုလေ့လာနိုင်စေရေးအတွက် “ပညာဒါန” အလှူအဖြစ် အလှူငွေနှင့် စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းလိုပါက အောက်ပါပုဂ္ဂိုလ်များထံ ဆက်သွယ်လှူဒါန်းနိုင်ပါကြောင်း အသိပေးဖော်ပြအပ်ပါသည် -
ညွှန်ကြားရေးမှူး (ထုတ်လုပ်)
ပြန်/ဆက် ဦးစီးဌာန
ဖုန်း ၀၁ ၃၇၁၃၄၂ / ၀၆၇၃၄၁၂၃၇၁ / ၀၉၄၂၁၀၄၆၇၁၅
ညွှန်ကြားရေးမှူး (ပြန်/ဆက်)
ပြန်/ဆက် ဦးစီးဌာန
ဖုန်း ၀၆၇၃၄၁၂၁၆၄
တိုင်းဒေသကြီး / ပြည်နယ်၊ ခရိုင်၊ မြို့နယ် ပြန်/ဆက်ဦးစီးဌာနရုံးများ
ပြန်ကြားရေးဝန်ကြီးဌာန