Skip to main content

နေပြည်တော်လေဆိပ်နှင့် ဇေယျာသီရိမြို့နယ်ဝန်းကျင်သို့ ပျံသန်းဝင်ရောက်လာသော ဒရုန်းများအား ပစ်ချဟန့်တား

နေပြည်တော် ဧပြီ ၄

၂၀၂၄ ခုနှစ်၊ ဧပြီလ ၄ ရက် ၁၀ နာရီ ၃၀ မိနစ်တွင် နေပြည်တော်လေဆိပ်၏ အရှေ့ဘက်မှ ဒရုန်း ၄ စင်းပျံသန်းလာရာ လေဆိပ်ရှိ လေကြောင်းရန်ကာကွယ်ရေးတပ်ဖွဲ့များက အဆိုပါဒရုန်းများကို အောင်မြင်စွာ ပစ်ချဖျက်ဆီးခဲ့သည်။ အလားတူ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၏ အရှေ့တောင်ဘက်မှ ဒရုန်း ၃ စင်း ပျံသန်းဝင်ရောက်လာမှုအား လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့က ပစ်ချဖျက်ဆီးခဲ့သည်။ ၎င်းဖြစ်စဉ်များ၌ လူ၊ အဆောက်အဦ ထိခိုက်ပျက်စီးမှုမရှိခဲ့ကြောင်းနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက လုံခြုံရေးဆိုင်ရာကိစ္စများ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။