Skip to main content

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးသို့ အလှူငွေများ ပေးအပ်လှူဒါန်း

နေပြည်တော် ဧပြီ ၃

နိုင်ငံခြားရေးဝန်ကြီးဌာန၏ (၇၇) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အလှူအဖြစ် ဒုတိယဝန်ကြီး ဦးလွင်ဦး ဦးဆောင်သော ကိုယ်စားလှယ်များသည် ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ပထမဖောင်းရစ်တွင် ကပ်လှူပူဇော်ရန် လိုအပ်လျက်ရှိသည့် ရွှေစင်ရွှေပြား တစ်ချပ်လျှင် ငွေကျပ် ၂၅ သိန်းနှုန်းဖြင့် ရွှေစင်ရွှေပြား ခုနစ်ချပ်နှင့် နဝကမ္မအလှူတော် ငွေကျပ် ခုနစ်သိန်း၊ လှူဒါန်းမှု စုစုပေါင်းတန်ဖိုး ငွေကျပ် ၁၈၂၀၀၀၀၀ ကို ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးရှိ ဂေါပကအဖွဲ့ထံသို့ ယနေ့သွား ရောက်လှူဒါန်းသည်။

အဆိုပါလှူဒါန်းမှုသည် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီး၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ထမ်းများ၊ ပြည်ပရှိ မြန်မာသံရုံး၊ မြန်မာအဖွဲ့ရုံး၊ မြန်မာကောင်စစ်ဝန်ချုပ်ရုံးများမှ စုပေါင်းလှူဒါန်းခြင်းဖြစ်ပြီး ယခုလှူဒါန်းမှုသည် ဒုတိယအကြိမ်မြောက်ဖြစ်ကာ ပထမအကြိမ်အဖြစ် ရွှေစင်ရွှေပြားသုံးချပ်၊ နဝကမ္မအလှူတော် ငွေကျပ် ၁၀၄၄၃၀၀ ၊ အမေရိကန်ဒေါ်လာ ၆၅၀၊ ယူရို ၁၀၅၀ ကို လှူဒါန်းခဲ့ပြီးဖြစ်သည်။

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး ဂေါပကအဖွဲ့က လှူဒါန်းမှုများအတွက် ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်