ရန်ကုန် ဧပြီ ၃
နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ၌ ပြည်သူ့စစ်မှုထမ်းဆိုင်ရာ ဖြည့်စွက်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရတနာသိင်္ဃခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နိုင်ငံ့ဝန်ထမ်းတက္ကသိုလ် (အောက်မြန်မာပြည်) ပါမောက္ခချုပ် ဦးဇော်ဇော်၊ ဒုတိယပါမောက္ခချုပ်များနှင့် တာဝန်ရှိသူများ၊ အရာထမ်း၊ အမှုထမ်းများနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင် အရာထမ်း ၉၅ ဦး၊ အမှုထမ်း ၄၀၇ ဦး စုစုပေါင်း ၅၀၂ ဦး တက်ရောက်ကြပြီး ပါမောက္ခချုပ် ဦးဇော်ဇော်က အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက် ပါမောက္ခ(ပညာဌာနမှူး) ဒေါက်တာ ပွင့်ဖြူသန့်က ပြည်သူ့စစ်မှုထမ်းတာဝန်မှ ကင်းလွတ်ရမည့်သူများ၊ ပါမောက္ခ(ပညာဌာနမှူး) ဒေါ်ဝင်းစန္ဒာဦးက အခြေအနေအရ လျှော့ပေါ့ခံစားနိုင်ရန် ခွင့်ပြုထားသည့် ခွင့်ပြုချက်များ၊ အခြေအနေအချိန်အခါကိုလိုက်၍ လိုအပ်လျှင်လိုအပ်သလို လျှော့ပေါ့ခွင့်ပြုပေးနိုင်သည့် အခြေအနေများ၊ ဒုတိယရဲမှူးကြီး မြင့်သိန်းက ပြည်သူ့စစ်မှုထမ်းဥပဒေသည် ပြည်သူ အားလုံးပါဝင်၍ ကမ္ဘာတည်သရွေ့ မြန်မာနိုင်ငံ တည်ရှိရမည်ဟူသော ရည်ရွယ်ချက်နှင့်အညီ ရေရှည်စီမံကိန်းရေးဆွဲခဲ့သည့် အကြောင်းအရာများကို ဆွေးနွေးကြသည်။
သတင်းစဉ်