နေပြည်တော် ဧပြီ ၃
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍ နှစ်စဉ်ကျင်းပသော ၂၀၂၄ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့တွင် နိုင်ငံတစ်ဝန်းရှိ စာဖြေဌာန ၆၇ ဌာန တို့၌ သတ္တမနေ့အဖြစ်လည်းကောင်း၊ ပါဠိပထမပြန်စာမေးပွဲ ကို စာဖြေဌာန ၂၁၆ ဌာနတို့၌ ပထမနေ့အဖြစ်လည်းကောင်း ဖြေဆိုကြသည်။
အစိုးရဓမ္မာစရိယစာမေးပွဲ သတ္တမနေ့ကို စာရင်းသွင်း ၂၁၁၉ ပါး/ ဦးအနက် ၁၁၉၃ ပါး/ဦး ဖြေဆိုကြသဖြင့် ၅၆ ဒသမ ၃၀ ရာခိုင်နှုန်းဖြေဆိုကြပြီး ပါဠိပထမပြန်စာမေးပွဲ (ပထမကြီး၊ ပထမ လတ်၊ ပထမငယ်၊ အခြေပြုမူလတန်း) ပထမနေ့ကို စာရင်းသွင်း ၆၀၀၉၆ ပါး/ဦးအနက် ၄၈၈၉၈ ပါး/ဦး ဖြေဆိုကြသဖြင့် ၈၁ ဒသမ ၃၇ ရာခိုင်နှုန်း ဖြေဆိုကြကြောင်း သာသနာရေးဦးစီးဌာနမှ သိရသည်။
သတင်းစဉ်