နေပြည်တော် ဧပြီ ၂
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသစ်တောဦးစီးဌာနသည် တရားမဝင်သစ်နှင့်သစ်တောထွက်ပစ္စည်းများ ရှာဖွေဖော်ထုတ်ဖမ်းဆီးရေးကို ပြည်သူပူးပေါင်းပါဝင်မှုဖြင့် လူထုအခြေပြုစောင့်ကြပ်ကြည့်ရှုသတင်းပို့စနစ် အပါအဝင်နည်းလမ်းမျိုးစုံဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ မတ် ၂၅ ရက်မှ ၃၁ ရက် အထိ နေပြည်တော်၊ ပြည်နယ်နှင့်တိုင်းဒေသကြီး သစ်တောဦးစီးဌာနများမှ ပေးပို့လာသော စာရင်းများအရ တရားမဝင်ကျွန်း ၂၀ ဒသမ ၀၆၃၆ တန်၊ သစ်မာ ၁၀ ဒသမ ၉၁၅၈ တန်၊ အခြား ၅၁ ဒသမ ၁၃၈၈ တန် စုစုပေါင်း ၈၂ ဒသမ ၁၁၈၂ တန်၊ ယာဉ်/ ယန္တရား ခုနစ်စီး၊ ပြစ်မှု ကျူးလွန်သူရှစ်ဦး ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
သတင်းစဉ်